လက်ထုတ္ထောရွာက အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရတာ စစ်ရာဇဝတ်မှုမြောက်တယ်လို့ NUG ပြော
မေလ (၁၃)ရက်။ စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်ရှိ လက်ထုတ္ထောရွာမှာ စစ်အုပ်စုက အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့တာဟာ စစ်ရာဇဝတ်မှုမြောက်တဲ့ ကျူးလွန်မှုဖြစ်တယ်လို့ NUG ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီလုပ်ရပ်ကို စစ်အုပ်စုရဲ့ ခြေမြန်တပ်မဌာနချုပ်(၃၃)ရဲ့ အမှတ်(၃)ခြေမြန်တပ်ရင်း၊ အမှတ်(၉၀၉)...








