နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 19 ရက်

မြန်မာသတင်း

မြန်မာသတင်း

ထိုင်း-မြန်မာနယ်စပ်က စစ်ကောင်စီရဲ့နောက်ဆုံးလက်ကျန် စစ်စခန်းကို တော်လှန်ရေးတပ်တွေ သိမ်းပိုက်နိုင်ခဲ့၊ နယ်စပ်တလျှောက်ကို အပြည့်အဝစိုးမိုးထိန်းချုပ်နိုင်ပြီလို့ S.O.F ထုတ်ပြန်

မေလ (၂၇)ရက်။

ကော့ကရိတ်မြို့၊ ထိုင်း-မြန်မာနယ်စပ်က စစ်ကောင်စီရဲ့ အထိုင်စခန်းကြီးတစ်ခုဖြစ်တဲ့ ဖိုးချီးမူးစစ်စခန်းကို KNLA ပူးပေါင်းတပ်တွေက အပြီးသိမ်းပိုက်နိုင်ခဲ့တယ်လို့ S.O.F ရဲ့ မနေ့က ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

မေလ (၁၈)ရက်နေ့မှာ စစ်ကောင်စီရဲ့ အထိုင်စစ်စခန်းကြီးက စစ်ကောင်စီအင်အား (၉၀)ခန့်ဟာ စခန်းစွန့်ခွာထွက်ပြေးသွားကြပြီး မေလ (၁၉)ရက်နေ့ နံနက်(၉)နာရီ (၂၀)မိနစ်မှာ တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲစတင်ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲဖြစ်ပွားတဲ့နေ့ နေ့လယ်(၁၂)နာရီခွဲအချိန်မှာ စစ်ကောင်စီအလောင်းနဲ့ MA4 ပူးတွဲတစ်လက်၊ ဆက်သွယ်ရေးစက်ကြီးတစ်လုံး သိမ်းဆည်းရမိခဲ့ပြီး ဒရုန်းတွေနဲ့ ဗုံးကြဲကာ ပိတ်ဆို့တိုက်ခိုက်ခဲ့တာလို့ ဖော်ပြထားပါတယ်။

မေလ (၂၀)ရက်နေ့ တိုက်ပွဲမှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင် (၁၂)ဦးကို လက်နက်တွေနဲ့အတူ အရှင်ဖမ်းမိခဲ့ပြီး ဒုတပ်ရင်းမှူး ရန်အောင်နဲ့ 2IC မင်းမင်းထွန်းအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်(၁၃)ဦး လက်နက်ချအညံ့ခံခဲ့တယ်လို့ ရေးသားထားပါတယ်။

ဒါ့ပြင် နယ်မြေရှင်းလင်းဆောင်ရွက်နေချိန် စစ်ကောင်စီအလောင်းတစ်လောင်းနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် (၇)ဦးကို လက်နက်နဲ့အတူ ဖမ်းမိခဲ့ပြီးနောက် တပ်ကြပ်ကြီးအဆင့်ရှိသူတစ်ဦးအပါအဝင် (၆)ဦးကို ထပ်မံဖမ်းမိခဲ့တယ်လို့ ပြောဆိုထားပါတယ်။

အဲ့ဒီဖူးချီးမူးစစ်စခန်းသိမ်းတိုက်ပွဲထဲ စစ်ကောင်စီတပ်ဖွဲ့ဝင် (၄၈)ဦးကို ဖမ်းမိခဲ့ပြီး လက်နက်(၅၀)ကျော် သိမ်းဆည်းရမိခဲ့ကာ စစ်ကောင်စီဘက်က (၂၀)ကျော်သေဆုံးကာ (၂၆)ဦးဟာ ထိုင်းနိုင်ငံထဲကို ထွက်ပြေးသွားခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

တိုက်ပွဲကာလထဲ အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ရမ်းသန်းပစ်ခတ်ခဲ့ပြီး ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးကို သတ်ဖြတ်ခဲ့ကာ တော်လှန်ရေးရဲဘော်တစ်ဦး လက်နက်ကြီးစ ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

အခုအခါ ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်က ရေသလျှောက်စခန်း၊ မဲသရောထစခန်းနဲ့ ကွီလုံတိုင်စခန်းတို့ကို သိမ်းပိုက်ရရှိထားပြီး အခု ခူးချီးမူးစခန်းဟာ စကခ(၁၃)လက်အောက်ခံ၊ ခလရ(၅၅၇)၊ ခမရ(၅၆၁)နဲ့ (၃၉၉)အမြောက်တပ်တို့ဖြစ်ပါတယ်။

အဲ့ဒီနယ်စပ်တလျှောက်က စစ်ကောင်စီစခန်းတွေအားလုံးကို သိမ်းပိုက်နိုင်ခဲ့တာကြောင့် KNLA နဲ့ တော်လှန်ရေးတပ်တွေက အပြည့်အဝ နယ်မြေစိုးမိုးထိန်းချုပ်ထားနိုင်ပြီဖြစ်တယ်လို့ အသိပေးထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

လုံခြုံရေးတင်းကြပ်ထားတဲ့ ရန်ကုန်မှာ နှင်းဆီလှုပ်ရှားမှုပြုလုပ်

  • 2026 ခုနှစ်၊ ဇွန်လ 19 ရက်
  • 5 Views
ဇွန်လ (၁၉)ရက်။ ဒီကနေ့ နံနက်ပိုင်းက ရန်ကုန်မှာ နှင်းဆီလှုပ်ရှားမှု ပြုလုပ်ခဲ့တယ်လို့ ရန်ကုန်တော်လှန်ညီနောင်(၄)ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့
မြန်မာသတင်း

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် စိုးရိမ်ရတဲ့အခြေအနေနဲ့ ရင်ဆိုင်နေရ

  • 2026 ခုနှစ်၊ ဇွန်လ 19 ရက်
  • 6 Views
ဇွန်လ (၁၉)ရက်။ ဒီကနေ့မှာ အသက်(၈၁)နှစ်မြောက် မွေးနေ့ရှင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ မတရားဖမ်းဆီးချုပ်နှောင်ခံထားရတာ (၅)နှစ်ကျော်ရှိပြီလို့ CRPH နဲ့ NUG
မြန်မာသတင်း

နှင်းဆီလှုပ်ရှားမှု လုံခြုံရေး သတိပြုကြဖို အသိပေးနှိးဆော်ထား

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 13 Views
ဇွန်လ (၁၈)ရက်။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့အနေနဲ့ ပြည်လုံးကျွတ် နှင်းဆီလှုပ်ရှားမှု ပြုလုပ်မယ့်အပေါ် လုံခြုံရေးသတိပြုဖို အင်အားစုတွေက အသိပေးထားတယ်လို သိရပါတယ်။ အကြမ်းဖက်စစ်တပ်ဟာ နှင်းဆီပန်းတွေ ရောင်းချတာ၊ ပန်ဆင်တာနဲ့ ကိုင်ဆောင်တာတိုကို ပြင်းပြင်းထန်ထန် ဖျက်ဆီးအရေးယူဖို ပြင်ဆင်နေတယ်လို
မြန်မာသတင်း

မုံရွာမှာ စစ်ကော်မရှင်တပ်တွေ တိုက်ခိုက်ခံရပြီး (၄)ဦးသေဆုံးကာ ကား(၂)စီးပျက်စီးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 15 Views
ဇွန်လ (၁၈)ရက်။ ဇွန်လ (၁၅)ရက်နေ့က မုံရွာမြိုမှာ စစ်ကော်မရှင်တပ်တွေကို တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်ခဲ့တယ်လို PLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီနေ့ ညနေပိုင်းက မုံရွာမြိုစက်မှုဇုန် တောရွာကျောင်းမှာ အင်အား (၃၀)ခန့်နဲ့ အထိုင်ချတပ်စွဲထားတဲ့
မြန်မာသတင်း

NMSP ထိန်းချုပ်နယ်မြေထဲရှိ စစ်ရှောင်စခန်းကို စစ်တပ် လေကြောင်းဗုံးကြဲ

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 19 Views
ဇွန်လ (၁၈)ရက်။ ဒီကနေ့ နံနက် (၁)နာရီခွဲခန့်က NMSP ထိန်းချုပ်နယ်မြေထဲက ရေးချောင်းဖျားဒေသရှိ စစ်ရှောင်စခန်းကို စစ်တပ်က လေကြောင်းဗုံးကြဲခဲ့တယ်လို ဒေသထဲသတင်းတွေထံက သိရပါတယ်။ “ နံနက်အစောပိုင်း (၁)နာရီခွဲလောက် မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေက စစ်ရှောင်စခန်းကို စစ်တပ်က
တရုတ် မြန်မာ့နိုင်ငံရေး မြန်မာသတင်း

တရုတ်က မြန်မာနိုင်ငံရဲ့ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပံ့ပိုးကူညီသွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 20 Views
ဇွန်လ (၁၈)ရက်။ တရုတ်က မြန်မာနိုင်ငံရဲ့ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ ပံ့ပိုးကူညီသွားမယ်ဆိုပြီး မနေ့က နှစ်နိုင်ငံပူးတွဲကြေညာချက်မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ ပူးတွဲကြေညာချက်ထဲ စစ်ကော်မရှင်က မြန်မာနိုင်ငံမြောက်ပိုင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ဖြစ်မြောက်အောင် တရုတ်က ပါဝင်တဲ့အပေါ် ကျေးဇူးတင်တယ်လို့ ဆိုထားပါတယ်။ နောက်ပြီး
မြန်မာသတင်း

အခြားလက်နက်ကိုင်အဖွဲ့တွေနဲ့ ပူးပေါင်းတာမလုပ်ဖို့ဆိုပြီး SSPP ကို စစ်ကော်မရှင်ပြော

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 24 Views
ဇွန်လ (၁၈)ရက်။ ဇွန်လ (၁၂)ရက်နေ့က နေပြည်တော်မှာ စစ်ကော်မရှင်ငြိမ်းချမ်းရေးကော်မတီနဲ့ SSPP/SSA ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံခဲ့တယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီတွေ့ဆုံပွဲကို SSPP ဘက်က ဒုဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး ခွန်ဆိုင် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့
မြန်မာသတင်း

ဝက်လက်နယ်ထဲ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် အရပ်သား (၄)ဦး သေဆုံး

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 23 Views
ဇွန်လ (၁၇)ရက်။ ဒီကနေ့ နေ့လယ် (၁၂)နာရီကျော်အချိန်က ဝက်လက်နယ်ဝက်လက်နယ်အရှေ့တောင်ခြမ်းကို စစ်တပ်က လေကြောင်းကနေ တိုက်ခိုက်ခဲ့တယ်လို့ မြို့နယ်ပကဖရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ နေ့လယ် (၁၂)နာရီ (၄၂)မိနစ်နဲ့ (၄၅)မိနစ်က ညောင်ပင်ကြီးတောရွာတောင်ပိုင်းကို တံတားဦးတက်ကနေ ဂျက်ဖိုက်တာနဲ့