တိုက်ပွဲတွေကြောင့် ဆီဆိုင်မြို့က လမ်းပိုင်းအချို့ကို ယာယီပိတ်ထားမယ်လို့ PNLA အသိပေး
ဖေဖော်ဝါရီလ (၁၀)ရက်။ စစ်ရေးအခြေအနေရှုပ်ထွေးနေတဲ့ တိုက်ပွဲကာလမှာ ဆီဆိုင်နဲ့ ဆိုက်ခေါင်က လမ်းပိုင်းတွေကို ယာယီပိတ်ထားမယ်လို့ PNLA ရဲ့ ဒီကနေ့မှာ အသိပေးထားချက်အရ သိရပါတယ်။ ဒီကနေ့အချိန်အထိ ဆီဆိုင်မြို့နဲ့ အနီး၀န်းကျင်က ကျေးရွာတွေမှာ တိုက်ပွဲဖြစ်နေပြီး စစ်ကောင်စီက လက်နက်ကြီး၊...








