နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇွန်လ 13 ရက်

1027 Operations

1027 Operations ၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

ရခိုင်မှာ အပစ်ရပ်ဖို့ စစ်ကောင်စီနဲ့ ဆွေးနွေးတာမရှိဘူးလို့ AA ပြော

မတ်လ (၄)ရက်။

ရခိုင်ပြည်နယ်မှာ အပစ်အခတ်ရပ်စဲဖို့အတွက် စစ်ကောင်စီနဲ့ ဆွေးနွေးတာတွေမရှိဘူးလို့ AA ဒုစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်ရဲ့ ဒီကနေ့မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

ဟိုင်ဂင်သဘောတူညီချက်ရဲ့ နောက်ဆက်တွဲအရ ညီနောင်မဟာမိတ် (၃)ဖွဲ့နဲ့ စစ်ကောင်စီအကြား ဆွေးနွေးတာတွေရှိပေမယ့် ရှမ်းမြောက်အတွက်သာဖြစ်ပြီး ရခိုင်ပြည်နယ်နဲ့ မပတ်သက်ဘူးလို့ ဆိုပါတယ်။

ဟိုင်ဂင်သဘောတူညီချက်တွေကို ပြင်ပသို့ ထုတ်မပြောဖို့ သဘောတူညီထားကြပေမယ့် အဲ့ဒီသဘောတူညီချက်တွေဟာ Open Secret ဖြစ်နေတယ်လို့ ၎င်းက ပြောပါတယ်။

ဒါ့ပြင် သီးခြားလွတ်လပ်သော နိုင်ငံတစ်ခု တည်ထောင်မယ်ဆိုတာထက် ပြည်ထောင်စုထဲမှာပဲ ဆက်လက်နေမှာဖြစ်ပြီး ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးဖို့ကို ကိုယ့်လက်နဲ့ကိုယ် ဖန်တီးမယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ဦးခိုင်သုခက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

ရခိုင်ပြည်နယ်အနေနဲ့ ကွန်ဖန်ဒရိတ်ထက် မနိမ့်တဲ့အဆင့်ကို ရကိုရမှာဖြစ်ပြီး ရခိုင်ပြည်သူတွေ နေ့တိုင်း သတ်ဖြတ်၊ ဖမ်းဆီးခံနေရတာတွေ ရှိနေဦးမယ်ဆိုရင်တော့ တစ်အိမ်ထဲ ဆက်လက်အတူနေထိုင်ဖို့ကို စဉ်းစားရမယ်လို့ ၎င်းက ဆိုပါတယ်။

AA အနေနဲ့ PDF တွေအပါအဝင် စစ်အာဏာရှင် ဆန့်ကျင်နေတဲ့ အဖွဲ့အစည်းမှန်သမျှနဲ့ မိတ်ဆွေအနေနဲ့ သတ်မှတ်ပြီး အကူအညီပေးမှာဖြစ်သလို ပူးတွဲလုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

အိုး‌ဘိုထောင်မှာ နိုင်ငံရေးအကျဉ်းသူ CDM ဆရာမတစ်ဦး ဆေးကုသခွင့်မရတာကြောင့် သေဆုံးခဲ့

  • 2025 ခုနှစ်၊ ဇွန်လ 13 ရက်
  • 1 Views
ဇွန်လ (၁၃)ရက်။ မေလ (၇)ရက်နေ့က အိုးဘိုထောင်မှာ နိုင်ငံရေးအကျဉ်းသူ CDM ကျောင်းဆရာမတစ်ဦး ဆေးကုသခွင့်မရတာကြောင့် သေဆုံးခဲ့ရတယ်လို့ နိုင်ငံရေးအကျဉ်းသူများအဖွဲ့(WOPP)ရဲ့ ဒီကနေ့မှာ
မြန်မာသတင်း

စစ်ကောင်စီရဲ့ ပေါ်တာဆွဲခံရပြီး စစ်မှုထမ်းနေရတဲ့ တပ်သား (၂၃)ဦးကို ဖမ်းမိခဲ့တယ်လို့ CDF-ASHO ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇွန်လ 13 ရက်
  • 13 Views
ဇွန်လ (၁၃)ရက်။ ဇွန်လ (၈)ရက်နေ့ကစပြီး (၁၂)ရက်နေ့အထိ (၅)ရက်တာထဲ စစ်ကောင်စီတပ်သား (၂၃)ဦးကို လက်နက်ခဲယမ်းတွေနဲ့အတူ ဖမ်းမိခဲ့တယ်လို့ CDF-ASHO ရဲ့
မြန်မာသတင်း

အာရှလမ်းမကြီး ပိတ်ထားတာကြောင့် နယ်စပ်ကုန်သွယ်မှုတန်ဖိုး ကန်ဒေါ်လာ သန်း(၇၂၀)ကျော် လျော့ကျခဲ့

  • 2025 ခုနှစ်၊ ဇွန်လ 13 ရက်
  • 11 Views
ဇွန်လ (၁၃)ရက်။ မြဝတီ-ကော့ကရိတ် အမှတ်(၁) အာရှလမ်းမကြီး ပိတ်ထားတာကြောင့် နယ်စပ်ကုန်သွယ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ (၇၂၂)သန်းခန့် လျော့ကျခဲ့တယ်လို့ ISP-Myanmar ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အာရှလမ်းမကြီးဟာ အခုအချိန်အထိ ပိတ်ထားဆဲဖြစ်ကာ နယ်စပ်ကုန်သွယ်မှု လျော့ကျတဲ့အခြေအနေဟာ
မြန်မာသတင်း

ကျောင်းသားတွေကို ဖွဲ့စည်းပုံအခြေခံဥပဒေအပါအဝင် ဥပဒေပညာတွေ သင်ပေးဖို့ဆိုပြီး စစ်ခေါင်းဆောင်ပြော

  • 2025 ခုနှစ်၊ ဇွန်လ 13 ရက်
  • 20 Views
ဇွန်လ (၁၃)ရက်။ ကျောင်းသား၊ ကျောင်းသူတွေကို ဖွဲ့စည်းပုံအခြေခံဥပဒေအပါအဝင် ဥပဒေပညာတွေ ‌သင်ကြားပေးဖို့ဆိုပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်က အခုရက်ပိုင်းထဲ ပြင်ဦးလွင်မြို့ကို သွားရောက်ချိန် ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။ စစ်ကောင်စီအနေနဲ့ နိုင်ငံကိုတာဝန်ယူထားချိန် ဒီမိုကရေစီလမ်းကြောင်းပေါ် လျှောက်လှမ်းနေတာကြောင့် ဒီမိုကရေစီစနစ်မှာ ဥပဒေကို
၁၁၁၃ ရခိုင်စစ်ပွဲ

ရခိုင်ကိုပို့မယ့် (၈)ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြားတွေနဲ့အတူ မူးယစ်ဂိုဏ်းအဖွဲ့ကို ဖမ်းမိခဲ့တယ်လို့ စစ်ကောင်စီထုတ်ပြန်

  • 2025 ခုနှစ်၊ ဇွန်လ 13 ရက်
  • 5 Views
ဇွန်လ (၁၃)ရက်။ ရခိုင်ကိုပို့မယ့် (၈)ဒသမ(၁၈)ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြား (၅၇)သိန်းကျော်နဲ့အတူ မူးယစ်မှောင်ခိုဂိုဏ်းအဖွဲ့ကို ဖမ်းမိခဲ့တယ်ဆိုပြီး စစ်ကောင်စီရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဇွန်လ (၄)ရက်နေ့ နေ့လယ် (၁၂)နာရီခွဲအချိန်က ပြည်-အောင်လံသွား ကားလမ်းရှိ တိုးဂိတ်အနီးမှာ မူးယစ်ဆေးဝါး
မြန်မာသတင်း

နောင်ချိုမြို့နယ်ထဲ စစ်ကောင်စီရဲ့ ထိုးစစ်ဆင်လာတာတွေကြောင့် ပြည်သူ (၁၀၀၀)ကျော် ထွက်ပြေးနေရ

  • 2025 ခုနှစ်၊ ဇွန်လ 12 ရက်
  • 25 Views
ဇွန်လ (၁၂)ရက်။ နောင်ချိုမြို့နယ်ထဲ စစ်ကောင်စီရဲ့ ထိုးစစ်ဆင်လာတာတွေကြောင့် ပြည်သူ (၁၀၀၀)ကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေကြရတယ်လို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကောင်စီရဲ့ ထိုးစစ်ဆင်တိုက်ခိုက်တာတွေကြောင့် နောင်ချိုမြို့ထဲ တိုက်ပွဲတွေဖြစ်ပွားနေပြီး ဧပြီလ (၂၉)ရက်နေ့ကနေ
မြန်မာသတင်း

(၅)လတာထဲ မင်းတပ်မြို့မှာ စစ်ကောင်စီ လေကြောင်းကြောင့် ပြည်သူ (၁၀)ဦး သေဆုံးခဲ့

  • 2025 ခုနှစ်၊ ဇွန်လ 12 ရက်
  • 23 Views
ဇွန်လ (၁၂)ရက်။ အခုနှစ် ဇန်နဝါရီလကစပြီး ဇွန်လ (၁၁)ရက်နေ့အထိ မင်းတပ်မြို့ထဲ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်တဲ့အကြိမ်ရေ (၁၈)ကြိမ်ရှိခဲ့တယ်လို့ မြို့နယ်ပအဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကောင်စီဟာ မင်းတပ်မြို့ထဲ ကြဲချခဲ့တဲ့ ဗုံးအရေအတွက်ဟာ (၄၁)လုံးရှိခဲ့ပြီး မြို့ပေါ်ရပ်ကွက်တွေကို
မြန်မာသတင်း

ဖြူးမြို့ ရန်ကုန်-မန္တလေးလမ်းဟောင်းမှာ ကင်းပုန်းချထားတဲ့ စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီး (၄)သေဆုံး

  • 2025 ခုနှစ်၊ ဇွန်လ 12 ရက်
  • 30 Views
ဇွန်လ (၁၂)ရက်။ ဇွန်လ (၁၀)ရက်နေ့ ည (၉)နာရီ (၄၅)မိနစ်အချိန်က ဖြူးမြို့နယ် ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်မှာ ကင်းပုန်းချထားတဲ့ စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်ခဲ့တယ်လို့ ဖြူးမြို့နယ်ပကဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဖြူးမြို့ ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်က