စစ်အာဏာရှင်အဖွဲ့ရဲ့ ကြမ်းကြုတ်ရက်စက်တဲ့ လုပ်ရပ်တွေကို ရှုတ်ချကြောင်း EU နဲ့ အဖွဲ့၀င်နိုင်ငံတွေ ပူးတွဲကြေညာချက်ထုတ်ပြန်
ဖေဖော်ဝါရီလ (၁)ရက်။ စစ်အာဏာရှင်အဖွဲ့ရဲ့ ကျူးလွန်နေတဲ့ ကြမ်းကြုတ်ရက်စက်တဲ့ လုပ်ဆောင်ချက်တွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်တာတွေကို အပြင်းထန်ဆုံး ရှုတ်ချကြောင်း ဥရောပသမဂ္ဂအပါအ၀င် အဖွဲ့၀င်နိုင်ငံခြားရေး၀န်ကြီးတွေက ဒီကနေ့မှာ ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။ မြန်မာမှာ စစ်အာဏာသိမ်းတာ (၃)နှစ်ပြည့်မြောက်တဲ့အပေါ် ဥရောပသမဂ္ဂကိုယ်စား...









