နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဧပြီလ 26 ရက်

မြန်မာသတင်း

မြန်မာသတင်း

CDF ကန်ပက်လက် တပ်ရင်း (၅) ရင်းက “ချင်းညီနောင်” နဲ့အတူ လက်တွဲမယ်လို့ ကြေညာ

ဖေဖော်ဝါရီလ (၁) ရက်။

ချင်းကာကွယ်ရေးတပ်ဖွဲ့ (ကန်ပက်လက်) တပ်ရင်း (၇) ခုထဲက တပ်ရင်း (၅) ခုက “ချင်းညီနောင်” နဲ့ အတူ လက်တွဲမယ်လို့ ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

ချင်းကာကွယ်ရေးတပ်ဖွဲ့ (ကန်ပက်လက်) ရဲ့ Tumee တပ်ရင်း၊ Khonu တပ်ရင်း၊ Vakok တပ်ရင်း၊ Victoria တပ်ရင်းနဲ့ Mahuyar တပ်ရင်း (၅) ခုက ချင်းညီနောင်ဖြစ်ကြတဲ့ ZFU/PDF Zoland, CNC – Mindat/CDF Mindat, CNO/CNDF တို့နဲ့ ပူးပေါင်းပါဝင်မယ်လို့ ကြေညာလာတာပါ။

ကြေညာချက်ထဲမှာ တော်လှန်ရေးကာလ (၃) နှစ်တာကာလ ရောက်လာချိန်မှာ နိုင်ငံရေးဆိုင်ရာ လက်ဦးမှု ရယူလိုတဲ့အနေနဲ့ CNA/CNF၊ တော်လှန်ရေးတပ်ဖွဲ့တစ်ချို့၊ မြို့နယ်အသီးသီးရှိ ချင်းလွတ်တော်အမတ်တစ်ချို့က Chinland Council ဖွဲ့စည်းကာ ချင်းပြည်သူလူထုနဲ့ ချင်းတပ်ဖွဲ့ဝင် အားလုံးမပါဝင်ဘဲ မိမိအလိုကျ ဥပဒေရေးဆွဲအတည်ပြုခြင်း၊ သက်ဆိုင်ရာမြို့နယ်ဒေသရဲ့သဘောထားမပါဘဲ နီးစပ်ရာလူကိုဆွဲခေါ်ပြီး ချင်းအမည်နာမကို အသုံးပြုကာ အစိုးရဖွဲ့ရန် ပြင်ဆင်မှုတွေရှိနေတယ်လို့ ဖော်ပြထားပါတယ်။

အလားတူပဲ Maraland Territorial Council ကလည်း ချင်းညီနောင်မှာ ပူးပေါင်းပါဝင်လာတဲ့ ကြေညာချက်ကို မနေ့က ဇန်နဝါရီ (၃၁) ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

Maraland Territorial Council ရဲ့ လက်နက်ကိုင်အဖွဲ့ဟာ Maraland Defence Force (MDF) ဖြစ်ပြီး လတ်တလောမှာ CDF-Mara အဖွဲ့နဲ့ စစ်ရေးတင်းမာနေပြီး အချင်းချင်း ပစ်ခတ်မှုမှာ CDF-Mara အဖွဲ့ဝင် ၁ ဦးနဲ့ CDF-Mara ရဲ့ မဟာမိတ် CNA ရဲဘော်တဦး စုစုပေါင်း နှစ်ဦး ကျဆုံးခဲ့ပါတယ်။

ဓာတ်ပုံ။

CDF-Kanpetlet တပ်ရင်း ၅ ခု၏ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၃၁) ရက်နေ့ ထုတ်ပြန်ချက်
Maraland Territorial Council ၏ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၃၁) ရက်နေ့ ထုတ်ပြန်ချက်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ယောဒေသမှာ အရန်အင်အားစုဆိုပြီး မဖြစ်မနေ စစ်ပညာသင်တန်းတက်ရောက်ရမယ်လို့ ကာကွယ်ရေးအဖွဲ့တွေထုတ်ပြန်

  • 2025 ခုနှစ်၊ ဧပြီလ 25 ရက်
  • 15 Views
‌ဧပြီလ (၂၅)ရက်။ ယောဒေသမှာ အရန်အင်အားစုတွေအနေနဲ့ အသက် (၁၈)နှစ်ကနေ (၃၀)နှစ်ထဲရှိသူတွေ မဖြစ်မနေ စစ်ပညာသင်သင်တန်း တက်ရမယ်ဆိုပြီး ကာကွယ်ရေးအဖွဲ့တွေက ထုတ်ပြန်ထားတယ်လို့
မြန်မာသတင်း

ရေစကြိုမှာ ကျေးရွာတွေကို မီးရှို့ပြီးပြန်လာတဲ့ စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲခံရ

  • 2025 ခုနှစ်၊ ဧပြီလ 25 ရက်
  • 34 Views
ဧပြီလ (၂၄)ရက်။ ဒီကနေ့ နံနက် (၄)နာရီခွဲအချိန်က ရေစကြိုမြို့နယ်မှာ ခလရ(၂၅၈)တပ်ကို သွားတဲ့လမ်းမှာ စစ်ကောင်စီယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ မြို့နယ်ပကဖရဲ့ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

KNU က ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်က ပြည်သူတွေကို စစ်ရှောင်ခိုင်း

  • 2025 ခုနှစ်၊ ဧပြီလ 24 ရက်
  • 34 Views
ဧပြီလ (၂၄) ရက်။ မြောက်ပိုင်းညီနောင်သုံးဖော်ရဲ့ ဒုတိယလှိုင်း စစ်ဆင်ရေးမှာ သိမ်းပိုက်ရရှိလိုက်တဲ့လာရှိုးမြို့ကနေ တရုတ်ရဲ့ပြင်းထန်တဲ့ ဖိအားပေးမှုတွေကြောင့် ကိုးကန့်တပ်တွေ ပြန်လည် ဆုတ်ခွာရချိန်မှာ တောင်ပိုင်းကရင်ပြည်နယ်မှာ တတိယလှိုင်းစစ်ဆင်ရေးလုပ်ဖို့ ကေအင်ယူက စတင်နေပြီလို့ ကေအင်ယူနဲ့နီးစပ်တဲ့ သတင်းရင်းမြစ်ဆီက သိရပါတယ်။ ကော့ကရိတ်နဲ့
မြန်မာသတင်း

ဘုရားသုံးဆူက ကျားဖျံတွေ ဘယ်ရောက်ကုန်လဲ?

  • 2025 ခုနှစ်၊ ဧပြီလ 24 ရက်
  • 28 Views
၂၀၂၅ခုနှစ်၊ ဧပြီလ ၂၄ရက်။ မြဝတီရွှေကုက္ကိုနဲ့ ကေကေပတ်က ကျားဖျံတွေ သူတို့လုပ်ရပ်တွေကို ကမ္ဘာက သိလာပြီး အထူးအဖြင့် တရုတ်နိုင်ငံရဲ့ ဖိအားတွေ ထိုင်းနိုင်ငံကို ရောက်လာခဲ့တာကြောင့် အခြေအနေ မကောင်းတော့ ဘူးဆိုတာ သိလာတာတဲ့အတွက် ဘုရားသုံးဆူကို ကြိုတင်ဂွင်ပြောင်းခဲ့တာကို
မြန်မာသတင်း

ရေစကြိုရှိ ဗလဘရွာကို စစ်ကောင်စီနဲ့ ပျူစောထီးတွေ ဝင်ရောက်စီးနင်းပြီး ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခဲ့

  • 2025 ခုနှစ်၊ ဧပြီလ 24 ရက်
  • 30 Views
ဧပြီလ (၂၄)ရက်။ ဧပြီလ (၂၁)ရက်နေ့ကစပြီး ရေစကြိုမြို့နယ် ဗလဘရွာကို စစ်ကောင်စီနဲ့ ပျူစောထီးတွေ ပူးပေါင်းပြီး ဝင်ရောက်စီးနင်းကာ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။ “ ဧပြီလ ၂၁ ရက်နေ့က စခတွေက ကြူရွာကနေ
မြန်မာသတင်း အယ်ဒီတာ့အာဘော်

လားရှိုး ပြန်ရတာ ဂုဏ်ယူစရာလား။

  • 2025 ခုနှစ်၊ ဧပြီလ 23 ရက်
  • 30 Views
ခေတ်မျက်လုံးအယ်ဒီတာ့အာဘော် စစ်ကောင်စီက စစ်ရှုံးလာတဲ့အခါ တရုတ်အားကိုးနဲ့ ဖိအားတွေပေးပြီး MNDAA ကို လားရှိုးကနေ ပြန်ဆုတ်ခိုင်းလို့ ဆုတ်ပေးလိုက်ရတယ်။ မင်းအောင်လှိုင်တပ်တွေက ပြန်တိုက်မယူရဘဲနဲ့ လားရှိုးမြို့ကိုပြန်ရတယ်။ ဒီလိုပြန်ရတာ ကိုယ့်စစ်တပ်ရဲ့တိုက်ရည် ခိုက်ရည်ကြောင့် မဟုတ်ဘဲ တရုတ်အားကိုးနဲ့ပြန်ရတာကြောင့် ဂုဏ်ယူစရာထက် ရှက်စရာကောင်းသလို
မြန်မာသတင်း

ကိုးကန့်တပ်နဲ့ စစ်ကောင်စီတို့ ပူးတွဲဖိတ်ကြားတာကြောင့် အပစ်ရပ်စောင့်ကြည့်တဲ့အဖွဲ့ စေလွှတ်တာလို့ တရုတ်ပြော

  • 2025 ခုနှစ်၊ ဧပြီလ 23 ရက်
  • 28 Views
ဧပြီလ (၂၃)ရက်။ ကိုးကန့်တပ်နဲ့ စစ်ကောင်စီတပ်တို့ရဲ့ ပူးတွဲဖိတ်ကြားတာကြောင့် အပစ်ရပ်စောင့်ကြည့်တဲ့အဖွဲ့ကို စေလွှတ်တာလို့ တရုတ်နိုင်ငံခြားရေးပြောခွင့်ရ Mr. Guo Jiakun က မနေ့က သတင်းစာရှင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ လားရှိုးမြို့ကို တရုတ်ဘက်က အပစ်ရပ်စောင့်ကြည့်တဲ့အဖွဲ့ စေလွှတ်ခဲ့တာနဲ့ပတ်သက်ပြီး
မြန်မာသတင်း

ဆောထိမြို့နယ်ထဲ စစ်ကောင်စီရဲ့ လက်နက်ကြီးကြောင့် ပြည်သူတစ်ဦး သေဆုံးပြီး (၅)ဦး ဒဏ်ရာရခဲ့

  • 2025 ခုနှစ်၊ ဧပြီလ 23 ရက်
  • 23 Views
ဧပြီလ (၂၃)ရက်။ ဧပြီလ (၂၀)ရက်နေ့ ညနေ (၄)နာရီခွဲအချိန်က ဆောထိမြို့နယ်ထဲ စစ်ကောင်စီရဲ့ ပိန်းဇလုပ်အခြေစိုက် ခလရ(၂၆၄)တပ်ရင်းက လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တယ်လို့ KNU ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ပိန်းဇလုပ်အခြေစိုက် စစ်ကောင်စီရဲ့