ကျောက်တံခါးမြို့မှာ စစ်ကောင်စီတပ်က ပြည်သူပိုင်ပစ္စည်းတွေကို ခိုးယူပြီး အမျိုးသမီးနှစ်ဦးကို အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့
ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်သားတွေက ကျေးရွာအတွင်းရှိ ပြည်သူပိုင်အိမ်တွေက ပစ္စည်းတွေကို ခိုးယူပြီး အမျိုးသမီးနှစ်ဦးကို အဓမ္မပြုကျင့်ကာ သတ်ဖြတ်ခဲ့တယ်လို့ KNU ရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။ ဇူလိုင်လ ၂၄ရက်နေ့ နံနက် ၁၁နာရီကျော်မှာ ကျောက်တံခါးမြို့နယ်အတွင်းရှိ...