နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ ဒီဇင်ဘာလ 6 ရက်

မြန်မာသတင်း

မြန်မာသတင်း

ပဲခူးမြို့က စစ်ကောင်စီရဲ့ အမှတ်(၂)နယ်မြေရဲစခန်း ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်ခံရ

ဇန်နဝါရီလ (၈)ရက်။

ဒီကနေ့ နံနက်(၃)နာရီခွဲက ပဲခူးမြို့၊ ကလျာဏီရပ်ကွက်ရှိ စစ်ကောင်စီရဲ့ အမှတ်(၂)နယ်မြေရဲစခန်းကို ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်ခဲ့တယ်လို့ Urban Special Operation(USO)ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

အဲ့ဒီစစ်ကောင်စီရဲ့ အမှတ်(၂)နယ်မြေရဲစခန်းဟာ ရွှေသာလျောင်းဘုရားလမ်းမပေါ်မှာ တည်ရှိပြီး ဒရုန်းနဲ့ ဗုံးသီး (၂)လုံးချတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

“ မနက်အစောကြီးတုန်းက ဗုံးပေါက်တဲ့အသံကြားတာ၊ နောက်ပိုင်း အမှတ်(၂)ရဲစခန်းဘက် ပေါက်တာလို့သိရတယ်။ ဗုံးပေါက်ပြီးတော့ စခတွေ ဘုရားလမ်းမကြီးတွေနဲ့ မြို့အဝင်ဂိတ်ဘက်တွေ စစ်ဆေးတာတွေရှိတယ်” လို့ မြေပြင်သတင်းတွေက ပြောဆိုထားပါတယ်။

အခုလို စစ်ကောင်စီရဲ့ အမှတ်(၂)နယ်မြေရဲစခန်းကို ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်ခဲ့တဲ့ဖြစ်စဉ်မှာ ထိခိုက်ပျက်စီးမှုအခြေအနေကို စုံစမ်းနေဆဲဖြစ်တယ်လို့ USO က ဖော်ပြထားပါတယ်။

စစ်ကောင်စီရဲ့ အမှတ်(၂)နယ်မြေရဲစခန်းဟာ ပြည်သူတွေကို မတရားဖိနှိပ်တာ၊ ဖမ်းဆီးသတ်ဖြတ်တာတွေကို အခုအချိန်အထိ ပြုလုပ်နေတယ်ဆိုတာ ပြည်သူ့ဘက်တော်သားတွေက ပူးပေါင်းသတင်းပေးတာကြောင့် တိုက်ခိုက်ရတာဖြစ်တယ်လို့ ရေးသားထားပါတယ်။

ဒါ့ပြင် ပြည်သူတွေကို မတရားတာတွေပြုလုပ်ဖို့ ကြံစည်နေတဲ့ စစ်အုပ်စုရဲ့ စီးပွားရေးထောက်တိုင်ဆိုင်တွေအပါအဝင် သူတို့နဲ့ ပတ်သက်ဆက်နွယ်သူတွေကို စစ်ရေးပစ်မှတ်အနေနဲ့ ဆက်လက်တိုက်ခိုက်သွားမယ်လို့ အသိပေးထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

တန့်ယန်းက ငွေလိမ်လုပ်ငန်းလုပ်တဲ့ တရုတ်တွေအပါအဝင် (၄၅)ဦးကို လက်နက်ခဲယမ်းတွေနဲ့အတူ စစ်ကောင်စီဖမ်းမိခဲ့

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 6 ရက်
  • 5 Views
ဒီဇင်ဘာလ (၆)ရက်။ ဒီဇင်ဘာလ (၂)ရက်နေ့က ရှမ်းမြောက် တန့်ယန်းမြို့မှာ အွန်လိုင်းအသုံးပြုပြီး ငွေလိမ်လုပ်ငန်းလုပ်ကိုင်နေတဲ့ တရုတ်တွေအပါအဝင် (၄၅)ဦးကို လက်နက်ခဲယမ်းတွေနဲ့အတူ ဖမ်းမိခဲ့တယ်လို့
မြန်မာသတင်း

ရွေးကောက်ပွဲကျင်းပဖို့ စစ်ကောင်စီနဲ့ လက်အောက်ခံ နိုင်ငံရေးပါတီတွေ တွေ့ဆုံ

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 6 ရက်
  • 4 Views
ဒီဇင်ဘာလ (၆)ရက်။ မနေ့က နေပြည်တော်မှာ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးကော်မတီနဲ့ ပါတီမှတ်ပုံတင်ခွင့်ပြုထားတဲ့ နိုင်ငံရေးပါတီတို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ စစ်ကောင်စီအာဘော်သတင်းစာရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

ထီးလင်းမြို့ပေါ်‌နေသူတွေ အခုလကုန် နောက်ဆုံးထား ထွက်ခွာကြဖို့ မြို့နယ်ပအဖ အသိပေး

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 5 ရက်
  • 3 Views
ဒီဇင်ဘာလ (၅)ရက်။ စစ်ကောင်စီအခြေစိုက်ထားတဲ့ ထီးလင်းမြို့ပေါ်မှာ နေထိုင်သူတွေအနေနဲ့ အခုလကုန် နောက်ဆုံးထားကာ ထွက်ခွာကြဖို့ ထီးလင်းမြို့နယ်ပအဖရဲ့ ဒီကနေ့မှာ အသိပေးထုတ်ပြန်ထားချက်အရ သိရပါတယ်။ နိုင်ငံတဝန်းမှာ စစ်ရးအရှိန်မြင့်နေပြီး ထီးလင်းမြို့နယ်မှာ စစ်ဆင်ရေးတွေကို ပိုမိုပြင်းထန်လာမယ့်အတွက် သတ်မှတ်ရက်ထဲ မြို့ပေါ်ကနေ ထွက်ခွာကြဖို့နဲ့
မြန်မာသတင်း

ခင်ဦးမြို့ပေါ်တိုက်ပွဲထဲ ကာကွယ်ရေးရဲဘော် တစ်ဦးကျဆုံးပြီး (၅)ဦး ဒဏ်ရာရရှိခဲ့

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 5 ရက်
  • 6 Views
ဒီဇင်ဘာလ (၅)ရက်။ မနေ့က နံနက် (၈)နာရီခွဲအချိန်ကစပြီး ခင်ဦး‌မြို့ပေါ်ရှိ ပြည်သူ့ဆေးရုံကြီးအနီးမှာ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးတပ်တို့အကြား မိနစ်(၃၀)ကြာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ မြို့နယ်သတင်းမှန်ပြန်ကြားရေးရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဖြစ်တာက ဆေးရုံကြီးနားမှာ (၈)နာရီခွဲကနေ (၉)နာရီလောက်အထိ
မြန်မာသတင်း

မျိုးချစ်ခေါင်းဆောင် မင်းမင်းကို ရှင်းလင်းခဲ့တဲ့ ရဲဘော် (၄)ဦးကို ထောင်အချုပ်(၁)နှစ် ချမှတ်

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 5 ရက်
  • 6 Views
ဒီဇင်ဘာလ (၅)ရက်။ မျိုးချစ်ခေါင်းဆောင် မင်းမင်းကို ရှင်းလင်းခဲ့တာနဲ့ပတ်သက်ပြီး ရဲဘော် (၄)ဦးကို ထောင်အချုပ်(၁)နှစ် ချမှတ်လိုက်တယ်လို့ ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မျိုးချစ်ခေါင်းဆောင် ပျူစောထီး မင်းမင်းကို ရှင်းလင်းခဲ့တာမှာ အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဥပဒေနဲ့ နိုင်ငံတကာလူ့အခွင့်အရေးဥပဒေတို့နဲ့
မြန်မာသတင်း

မြန်မာမှာ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် အမျိုးသမီးတွေ သေဆုံးတာ (၂)ဆတိုးလာ

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 5 ရက်
  • 5 Views
ဒီဇင်ဘာလ (၅)ရက်။ မြန်မာမှာ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် အသက်ဆုံးရှုံးခဲ့ရတဲ့ အမျိုးသမီးအရေအတွက်ဟာ (၂)ဆတိုးလာခဲ့တယ်လို့ ရန်ကုန်ရှိ အမေရိကန်သံရုံးရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ၂၀၂၃ခုနှစ်မှာ လက်နက်ကိုင်ပဋိပက္ခကြောင့် အသက်ဆုံးရှုံးခဲ့ရတဲ့ အမျိုးသမီးအချိုးအစားဟာ ၂၀၂၂ခုနှစ်နဲ့နှိုင်းယှဉ်ရင် (၂)ဆတိုးလာပြီး ပဋိပက္ခတွေနဲ့ ဆက်နွယ်ပြီး
မြန်မာသတင်း

ဘယ်လာရုစ်သံအမတ်နဲ့ စစ်ခေါင်းဆောင်တို့ နေပြည်တော်မှာ တွေ့ဆုံ

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 5 ရက်
  • 7 Views
ဒီဇင်ဘာလ (၅)ရက်။ မနေ့က နေပြည်တော်မှာ ဟနွိုင်းမြို့အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ ဘယ်လာရုစ်သံအမတ် H.E. Mr. Uladzimir Baravikou နဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်တို့ တွေ့ဆုံခဲ့ကြတယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တွေ့ဆုံပွဲမှာ နှစ်နိုင်ငံအကြား
မြန်မာသတင်း

ငဖဲမြို့မှာ စစ်ကောင်စီရိက္ခာကား (၃)စီး တိုက်ခိုက်ခံရကာ (၉)ဦးထက်မနည်းသေဆုံးပြီး ကား(၂)စီး ပျက်စီးခဲ့

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 5 ရက်
  • 7 Views
တလကျော်ကာလထဲ စစ်ကောင်စီအင်အား (၅၀)ကျော်ကို ချေမှုန်းနိုင်ခဲ့တယ်လို့ PRA-MAGWAY ထုတ်ပြန် ဒီဇင်ဘာလ (၅)ရက်။ မနေ့က နေ့လယ် (၁)နာရီခန့်က ငဲမြို့နယ်မှာ အင်အား (၅၀)ခန့်ပါ စစ်ကောင်စီရဲ့ ရိက္ခာကား (၃)စီးကို ခြုံခိုမိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ PRA-Magway ရဲ့