ထန်တလန်မြို့နယ်က CDFစခန်းတစ်ခုကို သိမ်းနိုင်ခဲ့တယ်လို့ စစ်ကောင်စီဘက်ကထုတ်ပြန်
ချင်းပြည်နယ်၊ ထန်တလန်မြိုနယ်အတွင်းက ဆက်သွယ်ရေးတာဝါတိုင်ကုန်းမှာ အခြေပြုနေတဲ့ CDF စခန်းကို ဒီကနေ့ မနက်မှာပဲ စစ်ကောင်စီက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ သူတို့ရဲ့ တယ်လီဂရမ် ချန်နယ်တွေ ဖော်ပြခဲ့ပါတယ်။ဒီကနေ့မနက် ၄ နာရီခွဲက ထန်တလန်မြိုနယ် ဟားခါး-ထန်တလန် ကားလမ်းမဘေးက တာဝါတိုင်စခန်းကုန်းကို...