ဖလမ်းမြို့ ထင်းရူးစခန်းက စစ်ကောင်စီတပ်သားတစ်ဦး CNDF ထံ ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာ
ချင်းပြည်နယ်၊ ဖလမ်းမြို့ ထင်းရူးစခန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတစ်ဦး ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ CNDF ရဲ့ အောက်တိုဘာလ (၁)ရက်မှာ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဖလမ်းမြို့၊ ကလေး-ဖလမ်းကားလမ်းမပေါ်ရှိ ထင်းရူးစခန်းက စစ်ကောင်စီတပ်သား ပြည့်ဖြိုးအောင် (၁၇) နှစ်ဟာ...









