ဒေါ်အောင်ဆန်းစုကြည်အား တရားမဝင်ဖမ်းဆီးထားခြင်းသာဖြစ်ပြီး ကိုယ်တိုင်တွေ့ဆုံဆုတောင်းပေးချင်ကြောင်း သားဖြစ်သူပြော
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား တရားမဝင်ဖမ်းဆီးထားခြင်းသာဖြစ်ပြီး လူကိုယ်တိုင်တွေ့ဆုံပြီး မွေးနေ့ဆုတောင်းပေးချင်ကြောင်း သားဖြစ်သူ ကင်မ်အဲရစ်(ခ)ကိုထိန်လင်းက မွေးနေ့အမှတ်တရစကားမှာ ပြောဆိုလိုက်ပါတယ်။ လူထုခေါင်းဆောင် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၈နှစ်မြောက် မွေးနေ့အထိမ်းအမှတ်အခမ်းမှာ သားဖြစ်သူ ကင်မ်က NLD လူမှုကွန်ယက်စာမျက်နှာကတစ်ဆင့် ပြောကြားခဲ့တဲ့ မွေးနေ့အမှတ်တရစကားမှာ...