အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံညှိနှိုင်းတဲ့အခါ “ မိတ်ဆွေများကို ရန်သူမလုပ်ရေးမူ” အပေါ် အခြေခံသင့်ကြောင်း NUG ယာယီသမ္မတပြော
လူထုကြားထဲက အင်အားစုတွေနဲ့ ထိတွေ့ဆက်ဆံတဲ့အခါ နိုင်ငံရေး အမြော်အမြင်ကြီးမှုနဲ့ သဘောထားကြီးမှုကို အခြေခံထားပြီး တွေ့ဆုံညှိနှိုင်းကြဖို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက တိုက်တွန်းပြောကြားခဲ့တယ်လို့ သိရပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က စက်တင်ဘာလ(၂၀)ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ ပြည်ထောင်စုအစိုးရနဲ့ ပြည်နယ်/ဖက်ဒရယ်ယူနစ်များအကြား ပူးပေါင်းဆောင်ရွက်ရေးကော်မရှင်(FSCC)အစည်းအဝေးမှာ ယာယီသမ္မတက...









