နိုင်ငံရေးမိုင်းဗုံးတွေနဲ့ နိုင်ငံရေးထောင်ချောက်တွေကို သတိထားရှောင်ရှားဖို့ NUG ယာယီသမ္မတပြော
ဇန်နဝါရီလ (၁၆) ရက်။ မဟာမိတ်တော်လှန်ရေးတပ်ပေါင်းစုတည်ဆောက်ရာမှာ အကဲဆတ်တဲ့ နိုင်ငံရေးမိုင်းဗုံးတွေနဲ့ အမျိုးသားညီညွတ်ရေးမူကို ထိပါးစေတဲ့ နိုင်ငံရေးထောင်ချောက်တွေကို သတိထားရှောင်ရှားဖို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက ဒီကနေ့မှာပြုလုပ်တဲ့ အစိုးရအဖွဲ့အစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “အခု ၂၀၂၄ ခုနှစ်မှာလည်း...








