မုံရွာထောင်က နိုင်/ကျဉ်းတွေရဲ့ အစာငတ်ခံဆန္ဒပြတိုက်ပွဲဝင်မှု အနိုင်ရရှိ
မုံရွာအကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသားတွေရဲ့ အစာငတ်ခံဆန္ဒပြ တိုက်ပွဲဝင်မှု အနိုင်ရရှိခဲ့တယ်လို့ မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီရဲ့ ဒီကနေ့မှာ သတင်းထုတ်ပြန်ထားချက် သိရပါတယ်။ မုံရွာအကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသားတွေရဲ့ အစာငတ်ခံဆန္ဒပြတာကို စက်တင်ဘာလ (၈)ရက်နေ့ကစပြီး ပြုလုပ်ခဲ့ကာ အချက် (၄) ချက်ကို တောင်းဆိုခဲ့ကြတယ်လို့ ဆိုပါတယ်။...








