နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ ဒီဇင်ဘာလ 6 ရက်

Myanmar Politics

Myanmar Politics မြန်မာသတင်း

စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ ရုရှားနိုင်ငံသွားရောက်။

စက်တင်ဘာလ (၁၀) ရက်နေ့က စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေဟာ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလတ်ဗ်ရော့ရဲ့ ဖိတ်ကြားချက်အရ ရုရှားနိုင်ငံကို သွားရောက်ခဲ့တယ်လို့ ဒီကနေ့ စက်တင်ဘာလ (၁၄) ရက်နေ့ စစ်ကောင်စီရဲ့ သတင်းထုတ်ချက်အရ သိရှိရပါတယ်။


စက်တင်ဘာလ (၁၄) ရက်နေ့မှာ မြန်မာ-ရုရှား နှစ်နိုင်ငံဆွေးနွေးပွဲကို ရုရှားနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှာ ကျင်းပခဲ့ပြီး ဆွေးနွေးပွဲကို နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနဲ့ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီ လတ်ဗ်ရော့တို့က ပူးတွဲ ဦးဆောင်ကျင်းပခဲ့တယ်လို့ ဆိုပါတယ်။ ရုရှားဒုတိယနိုင်ငံခြားရေးဝန်ကြီး အန်ဒရေး ရူဒန်ကာနဲ့ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန၊ ရုရှား

နိုင်ငံခြားရေးဝန်ကြီးဌာနတို့က အဆင့်မြင့်အရာရှိကြီးတွေလည်း တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
ဆွေးနွေးပွဲမှာ မြန်မာ-ရုရှား နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနအကြား ပိုမိုနီးကပ်စွာပူးပေါင်းဆောင်ရွက်ရေး၊ စိန့်ပီတာစဘတ်မြို့နဲ့ နိုဗိုစီဗစ်မြို့တို့မှာ မြန်မာကောင်စစ်ဝန်ချုပ်ရုံးများ ဖွင့်လှစ်ရေး၊ ကာကွယ်ရေး၊ လုံခြုံရေး၊ ခရီးသွားလုပ်ငန်းနဲ့ ပြည်သူအချင်းချင်း ထိတွေ့ဆက်ဆံမှု၊ စီးပွားရေးနဲ့ ကုန်သွယ်ရေး၊ ဘဏ်လုပ်ငန်း၊ စွမ်းအင်၊ စက်မှု၊ ပညာရေး၊ ပြန်ကြားရေးအစရှိတဲ့ ကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်ရေးတို့ကို အလေးထားဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

ရုရှားနိုင်ငံနဲ့ စစ်ကောင်စီဟာ ဒီနှစ်ပိုင်းအတွင်း ပိုမိုနီးကပ်စွာ ဆက်ဆံလာနေပြီး မြန်မာတော်လှန်ရေး သမားတွေနဲ့ တိုင်းနဲ့ ပြည်နယ်က ကျေးရွာတွေကို စစ်ေကောင်စီက ဗုံးကြဲတိုက်ခိုက်နေခြင်းကို ကုလသမဂ္ဂနဲ့ အနောက်နိုင်ငံတွေက ပြစ်တင်ရှုံချနေတဲ့အချိန်မှာ ရုရှားက သူတို့ရဲ့ ဂျက်တိုက်လေယာဉ်တွေကို ရောင်းချပေးဖို့ သဘောတူညီခဲ့ပြီး မကြာခင်ကပဲ ပို့ပေးဖို့သဘောတူညီချက် (၆) စင်းထဲက SU 30 ဂျက်တိုက်လေယဉ် (၂)စင်းကို ပို့ပေးခဲ့ပါတယ်။

ရုရှားနိုင်ငံမှာ အတိုက်အခံများကို ထောင်သွင်းအကျဉ်းချထားပြီး သမတပူတင်က ရုရှားမှာ အာဏာရှင်အဖြစ်အုပ်ချုပ်နေတာဖြစ်လို့ မြန်မာမှာပြည်သူရွေးကောက်ထားတဲ့အစိုးရကို စစ်တပ်အားကိုးနဲ့ ဖြုတ်ချခဲ့တဲ့ စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်အနေနဲ့ အထီးကျန်ဆန်လာနေတဲ့အတွက် အာဏာရှင်အချင်းချင်း ကျောချင်းကပ်ပြီး ဘုတ်ကိုကျီးရိုသေ ကျီးကိုဘုတ်ရိုသေနေတဲ့အဖြစ်နဲ့ ညီညွတ်ပြနေတဲ့သဘောလို့မြင်ရမှာ ဖြစ်ပါတယ်လို့ ဝါရင့်နိုင်ငံရေးသမားတဦးက ခေတ်မျက်လုံးကို ပြောပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ထီးလင်းမြို့ပေါ်‌နေသူတွေ အခုလကုန် နောက်ဆုံးထား ထွက်ခွာကြဖို့ မြို့နယ်ပအဖ အသိပေး

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 5 ရက်
  • 3 Views
ဒီဇင်ဘာလ (၅)ရက်။ စစ်ကောင်စီအခြေစိုက်ထားတဲ့ ထီးလင်းမြို့ပေါ်မှာ နေထိုင်သူတွေအနေနဲ့ အခုလကုန် နောက်ဆုံးထားကာ ထွက်ခွာကြဖို့ ထီးလင်းမြို့နယ်ပအဖရဲ့ ဒီကနေ့မှာ အသိပေးထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

ခင်ဦးမြို့ပေါ်တိုက်ပွဲထဲ ကာကွယ်ရေးရဲဘော် တစ်ဦးကျဆုံးပြီး (၅)ဦး ဒဏ်ရာရရှိခဲ့

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 5 ရက်
  • 6 Views
ဒီဇင်ဘာလ (၅)ရက်။ မနေ့က နံနက် (၈)နာရီခွဲအချိန်ကစပြီး ခင်ဦး‌မြို့ပေါ်ရှိ ပြည်သူ့ဆေးရုံကြီးအနီးမှာ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးတပ်တို့အကြား မိနစ်(၃၀)ကြာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ မြို့နယ်သတင်းမှန်ပြန်ကြားရေးရဲ့
မြန်မာသတင်း

မျိုးချစ်ခေါင်းဆောင် မင်းမင်းကို ရှင်းလင်းခဲ့တဲ့ ရဲဘော် (၄)ဦးကို ထောင်အချုပ်(၁)နှစ် ချမှတ်

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 5 ရက်
  • 3 Views
ဒီဇင်ဘာလ (၅)ရက်။ မျိုးချစ်ခေါင်းဆောင် မင်းမင်းကို ရှင်းလင်းခဲ့တာနဲ့ပတ်သက်ပြီး ရဲဘော် (၄)ဦးကို ထောင်အချုပ်(၁)နှစ် ချမှတ်လိုက်တယ်လို့ ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မျိုးချစ်ခေါင်းဆောင် ပျူစောထီး မင်းမင်းကို ရှင်းလင်းခဲ့တာမှာ အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဥပဒေနဲ့ နိုင်ငံတကာလူ့အခွင့်အရေးဥပဒေတို့နဲ့
မြန်မာသတင်း

မြန်မာမှာ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် အမျိုးသမီးတွေ သေဆုံးတာ (၂)ဆတိုးလာ

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 5 ရက်
  • 4 Views
ဒီဇင်ဘာလ (၅)ရက်။ မြန်မာမှာ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် အသက်ဆုံးရှုံးခဲ့ရတဲ့ အမျိုးသမီးအရေအတွက်ဟာ (၂)ဆတိုးလာခဲ့တယ်လို့ ရန်ကုန်ရှိ အမေရိကန်သံရုံးရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ၂၀၂၃ခုနှစ်မှာ လက်နက်ကိုင်ပဋိပက္ခကြောင့် အသက်ဆုံးရှုံးခဲ့ရတဲ့ အမျိုးသမီးအချိုးအစားဟာ ၂၀၂၂ခုနှစ်နဲ့နှိုင်းယှဉ်ရင် (၂)ဆတိုးလာပြီး ပဋိပက္ခတွေနဲ့ ဆက်နွယ်ပြီး
မြန်မာသတင်း

ဘယ်လာရုစ်သံအမတ်နဲ့ စစ်ခေါင်းဆောင်တို့ နေပြည်တော်မှာ တွေ့ဆုံ

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 5 ရက်
  • 7 Views
ဒီဇင်ဘာလ (၅)ရက်။ မနေ့က နေပြည်တော်မှာ ဟနွိုင်းမြို့အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ ဘယ်လာရုစ်သံအမတ် H.E. Mr. Uladzimir Baravikou နဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်တို့ တွေ့ဆုံခဲ့ကြတယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တွေ့ဆုံပွဲမှာ နှစ်နိုင်ငံအကြား
မြန်မာသတင်း

ငဖဲမြို့မှာ စစ်ကောင်စီရိက္ခာကား (၃)စီး တိုက်ခိုက်ခံရကာ (၉)ဦးထက်မနည်းသေဆုံးပြီး ကား(၂)စီး ပျက်စီးခဲ့

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 5 ရက်
  • 7 Views
တလကျော်ကာလထဲ စစ်ကောင်စီအင်အား (၅၀)ကျော်ကို ချေမှုန်းနိုင်ခဲ့တယ်လို့ PRA-MAGWAY ထုတ်ပြန် ဒီဇင်ဘာလ (၅)ရက်။ မနေ့က နေ့လယ် (၁)နာရီခန့်က ငဲမြို့နယ်မှာ အင်အား (၅၀)ခန့်ပါ စစ်ကောင်စီရဲ့ ရိက္ခာကား (၃)စီးကို ခြုံခိုမိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ PRA-Magway ရဲ့
မြန်မာသတင်း

မြန်မာသင်္ကြန် ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းထဲ ထည့်သွင်း

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 5 ရက်
  • 2 Views
ဒီဇင်ဘာလ (၅)ရက်။ (၁၉)ကြိမ်မြောက် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ညီလာခံမှာ မြန်မာ့ရိုးရာနှစ်သစ်ကူးသင်္ကြန်ပွဲတော်ကို ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းထဲ ထည့်သွင်းလိုက်ပြီလို့ သတင်းထုတ်ပြန်ထားချက်တွေအရ သိရပါတယ်။ ဒီဇင်ဘာလ (၄)ရက်နေ့ကနေ (၇)ရက်နေ့အထိ ပါရာဂွေးမြို့နယ်၊ အာဆွန်စီယွန်မြို့မှာ ကျင်းပတဲ့ (၁၉)ကြိမ်မြောက် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ညီလာခံမှာ တရားဝင်ဆုံးဖြတ်ခဲ့တာလို့ ဆိုပါတယ်။ မြန်မာနိုင်ငံက
1027 Operations မြန်မာသတင်း

ပြည်သူတွေရဲ့ အကြပ်အတည်းတွေကို ဖြေရှင်းနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ TNLA ပြော

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 5 ရက်
  • 6 Views
ဒီဇင်ဘာလ (၅)ရက်။ ပြည်သူတွေရဲ့ လုံခြုံမှုမးနဲ့ စားဝတ်နေရေး အခက်အခဲ အကြပ်အတည်း စိန်ခေါ်မှုတွေကို ဖြေရှင်းနိုင်ဖို့ အမြဲကြိုးပမ်းနေတယ်လို့ TNLA ရဲ့ မနေ့က ထုတ်ပြန်ပြောဆိုထားချက်အရ သိရပါတယ်။ ပြည်သူတွေရဲ့ အခက်အခဲတွေ ဖြေရှင်းနိုင်ဖို့ TNLA အနေနဲ့