ချင်းတော်လှန်ရေးတပ်ဖွဲ့တွေအကြား ပဋိပက္ခတွေကို ငြိမ်းချမ်းတဲ့နည်းနဲ့ အဖြေရှာဖို့ NUG တိုက်တွန်း
ဇူလိုင်လ (၉)ရက်။ ချင်းတော်လှန်ရေးတပ်ဖွဲ့တွေအကြား ပဋိပက္ခတွေကို ငြိမ်းချမ်းတဲ့နည်းလမ်းနဲ့ အမြန်ဆုံးအဖြေရှာဖို့ NUG သမ္မတရုံးက မနေ့က ထုတ်ပြန်တိုက်တွန်းထားတယ်လို့ သိရပါတယ်။ ဇူလိုင်လ (၄)ရက်နေ့ကစပြီး ချင်းပြည်နယ်ရှိ CNDF နဲ့ CNA၊ CDF-Hualngoram တို့အကြား တိုက်ပွဲဖြစ်ပွားတာနဲ့...









