တီမောနိုင်ငံက စစ်ကော်မရှင်ကို ဆန့်ကျင်တဲ့ လှုပ်ရှားတာတွေကို ခွင့်ပြုမှာမဟုတ်ဘူးဆိုပြီး စစ်တပ်ထုတ်ပြန်
စက်တင်ဘာလ (၁၉)ရက်။ တီမောနိုင်ငံက စစ်ကော်မရှင်ကို ဆန့်ကျင်တဲ့ လှုပ်ရှားတာတွေကို ခွင့်ပြုမှာမဟုတ်ဘူးဆိုပြီး မနေ့က နေပြည်တော်မှာ နှစ်ဖက်တွေ့ဆုံချိန် ပြောဆိုခဲ့တယ်လို့ စစ်တပ်ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မနေ့က စစ်ကော်မရှင်နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနဲ့ တီမောနိုင်ငံခြားရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး မစ္စတာ...









