အမေရိကန်-တရုတ် (၂)နိုင်ငံလုံးနဲ့ အကောင်းဆုံး ထိတွေ့ဆက်ဆံသွားမယ်လို့ စစ်ခေါင်းဆောင်ပြော
မေလ (၁၉)ရက်။ အမေရိကန်-တရုတ် နှစ်နိုင်ငံလုံးနဲ့ အကောင်းဆုံး ထိတွေ့ဆက်ဆံသွားဖို့ရှိတယ်လို့ စစ်ခေါင်းဆောင်က ရုရှားနိုင်ငံ RT သတင်းဌာနနဲ့ မေးမြန်းခန်းမှာ ပြောဆိုခဲ့တယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မြန်မာနိုင်ငံရဲ့ နိုင်ငံခြားရေးမူဝါဒကတော့ လွတ်လပ်ပြီး တက်ကြွတဲ့...









