မင်္ဂလာတောင်ညွန့်မြို့နယ်မှာ ညမထွက်ရအမိန့် စစ်ကောင်စီ ထပ်မံထုတ်ပြန်
ဒီဇင်ဘာလ (၂၈)ရက်။ ရန်ကုန်တိုင်း မင်္ဂလာတောင်ညွန့်မြို့နယ်မှာ လူစုလူဝေး မပြုလုပ်ဖို့နဲ့ ညမထွက်ဖို့ဆိုတဲ့ ပုဒ်မ-၁၄၄ ကို စစ်ကောင်စီက ထပ်မံထုတ်ပြန်လိုက်တယ်လို့ သိရပါတယ်။ မင်္ဂလာတောင်ညွန့်မြို့နယ်ထဲက ပြည်သူအချို့ဟာ လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးကို ထိခိုက်စေဖို့ ပြုလုပ်တာကြောင့် ပုဒ်မ-၁၄၄ကို ထုတ်ပြန်တာလို့...