နေပြည်တော်မှာ ICRC ဥက္ကဋ္ဌနဲ့ စစ်ခေါင်းဆောင်တို့ တွေ့ဆုံ၊ စစ်တပ်က ဂျနီဗာကွန်ဗန်းရှင်းနဲ့အညီ ဆောင်ရွက်နေတယ်လို့ပြော
စက်တင်ဘာလ (၁၀)ရက်။ မနေ့က နေပြည်တော်မှာ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ(ICRC)နဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်တို့ တွေ့ဆုံခဲ့တယ်လို့ ဒီကနေ့ထုတ် စစ်ကောင်စီအာဘော်သတင်းစာရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တွေ့ဆုံပွဲမှာ ICRC အနေနဲ့ မြန်မာနိုင်ငံမှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးတဲ့ကိစ္စတွေနဲ့ ပြည်သူတွေကို...