ကျွန်းစုမြို့နယ်ထဲ ဒေါင်းနက်ဆိုတဲ့ လက်နက်ကိုင်အဖွဲ့က ပြည်သူတွေကို ခြိမ်းခြောက်ငွေတောင်းတာတွေပြုလုပ်နေ
နိုဝင်ဘာလ (၂)ရက်။ ကျွန်းစုမြို့နယ်ရှိ ကျေးရွာအချို့မှာ “ ဒေါင်းနက်” နာမည်နဲ့ အင်အား(၁၀)ဝန်းကျင်ခန့် လက်နက်ကိုင်အဖွဲ့က ပြည်သူတွေကို ခြိမ်းခြောက်ငွေတောင်းတာတွေ ပြုလုပ်နေတယ်လို့ ကျွန်းစုမြို့နယ်ပကဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဒေါင်းနက်နာမည်နဲ့ လက်နက်ကိုင်အဖွဲ့က အင်အား(၁၀)ယောက်ဝန်းကျင်နဲ့...