ရေဘေးကယ်ဆယ်တဲ့အဖွဲ့တွေကို စစ်ကောင်စီက ပစ်ခတ်ဖမ်းဆီးတဲ့အပေါ် ပြင်းထန်စွာရှုံ့ချတယ်လို့ မုန်းမြို့နယ်ကယ်ဆယ်ရေးကော်မတီ ထုတ်ပြန်
စက်တင်ဘာလ (၂၀)ရက်။ ရေဘေး ကူညီကယ်ဆယ်ဖို့လာတဲ့ လူမှုပရဟိတအဖွဲ့တွေကို စစ်ကောင်စီက ခြိမ်းခြောက်ပစ်ခတ်ဖမ်းဆီးတဲ့အပေါ် မူး(မုန်း)မြို့နယ် ကရင်အရေးပေါ်ကယ်ဆယ်ရေးကော်မတီရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကောင်စီတပ်တွေဟာ စစ်အာဏာသိမ်းပြီးတဲ့အချိန်ကစပြီး ဒီကနေ့အချိန်အထိ ဒေသခံပြည်သူတွေအပေါ် နေ့တိုင်း နည်းလမ်းပေါင်းစုံနဲ့ အကြမ်းဖက်နှိပ်စက်တာကို ကျူးလွန်နေတာ...









