နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 6 ရက်

မြန်မာသတင်း

မြန်မာသတင်း

ပုလောမြို့နယ်ထဲ စစ်ကောင်စီက စစ်ကြောင်းထိုးကာ နေအိမ် (၄၀)ကျော်ကို မီးရှို့ဖျက်ဆီးပြီး အရပ်သား (၂)ဦးကို မီးရှို့သတ်ဖြတ်ခဲ့

စက်တင်ဘာလ (၂၀)ရက်။

ပုလောမြို့နယ်ထဲ စစ်ကောင်စီက စစ်ကြောင်းထိုး၀င်ရောက်ကာ နေအိမ် (၄၀)ကျော်နဲ့ အရပ်သား(၂)ဦးကို မီးရှို့သတ်ဖြတ်တာတွေ ပြုလုပ်ခဲ့တယ်လို့ မြိတ်ခရိုင်အမှတ်(၁)တပ်ရင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

စက်တင်ဘာလ (၉)ရက်နေ့မှာ စစ်ကောင်စီတပ်တွေဟာ လိပ်ဥသောင်ရွာကို ၀င်ရောက်ခဲ့ပြီး တိုက်ပွဲဖြစ်ပွားခဲ့သလို (၁၁)ရက်နေ့က လယ်ဖက်ရွာနဲ့ ကျောက်သင်္ဘောရွာတို့ကို ၀င်ရောက်ကာ ပြည်သူ (၄၅)ဦးကို ဖမ်းဆီးခဲ့ပြီး ဖော့ရွာအနီး တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

စက်တင်ဘာလ (၁၅)ရက်နေ့က စစ်ကောင်စီတပ်ဟာ (၅)မိုင်ကျေးရွာကို အကြောင်းမဲ့၀င်ရောက်ပြီး နေအိမ် (၉)လုံးကို မီးရှို့ခဲ့ကာ ပြည်သူ (၁၀)ဦးကို ဖမ်းဆီးခဲ့ပြီး နောက်တရက်မှာ မီးလောင်အော်ရွာနဲ့ ရှပ်ပုံရွာကို ဝင်ရောက်လာတာကြောင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။

စက်တင်ဘာလ (၁၈)ရက်နေ့မှာ အင်အား (၁၀၀)ကျော်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ရှပ်ပုံကျေးရွာထဲ ထပ်မံ၀င်ရောက်လာ‌တာကြောင့် ပုလော-PDF နဲ့ မြိတ်ခရိုင်အမှတ်(၁)တပ်ရင်းအပါအဝင် မဟာမိတ်တွေက ခုခံတိုက်ခိုက်ခဲ့တယ်လို့ ရေးသားထားပါတယ်။

အဲ့ဒီစစ်ကောင်စီစစ်ကြောင်းဟာ ပြင်ငယ်ရွာစာသင်ကျောင်းထဲ ဝင်ရောက်တပ်စွဲခဲ့ပြီး ပြင်းငယ်ရွာနဲ့ ရှပ်ပုံစံပြရွာရှိ ပြည်သူတွေကို ဖမ်းဆီးပြီး လူသားဒိုင်းပြုလုပ်တာ၊ နေအိမ်တွေ ဖျက်ဆီးတာ၊ ဖောက်ထွင်းတာနဲ့ အဖိုးတန်ပစ္စည်းတွေနဲ့ မော်တော်ယာဉ်တွေ ခိုးယူခဲ့တယ်လို့ ပြောဆိုထားပါတယ်။

အဲ့ဒီတိုက်ပွဲဟာ တနေကုန်နီးပါး ပြင်းထန်ခဲ့ပြီး ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က ရဲဘော်တစ်ဦး ဒဏ်ရာရရှိခဲ့ကာ စစ်ကောင်စီဘက်က အများအပြားထိခိုက်ခဲ့ပြီး ညပိုင်းမှာတော့ စစ်ကောင်စီတပ်တွေက မီးလောင်အော်ရွာရှိ နေအိမ် (၃၁)လုံးနဲ့ ရှပ်ပုံစံပြရွာရှိ နေအိမ် (၃)လုံးကို ၀င်ရောက်မီးရှို့ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် မနေ့က နံနက်ပိုင်းအချိန် ကာကွယ်ရေးတပ်တွေက မီးလောင်အော်ရွာနဲ့ ရှပ်ပုံစံပြရွာကို နယ်မြေရှင်းလင်းချိန် မီးရှို့ထားတဲ့ ရုပ်အလောင်း (၂)လောင်းကို တွေ့ရှိခဲ့ကာ စစ်ကောင်စီတပ်ဟာ အရပ်သား (၄၀)ဦးထက်မနည်းကို ဖမ်းဆီးခဲ့သေးတယ်လို့ ဆိုပါတယ်။

ပုလောမြို့နယ်ထဲ တိုက်ပွဲတွေ ပိုမိုပြင်းထန်လာနိုင်တာကြောင့် ပြည်သူတွေအနေနဲ့ စစ်ရေးသတိ အမြဲရှိဖို့နဲ့ PDF တွေနဲ့ မဟာမိတ်တွေရဲ့ ထုတ်ပြန်ချက်တွေကို လိုက်နာကြဖို့ တိုက်တွန်းထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

အုတ်ဖိုတိုက်ပွဲ စစ်တပ်ဘက်က စစ်ကြောင်းမှူးအပြင် (၁၂)ဦးသေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 33 Views
အုတ်ဖိုတိုက်ပွဲ စစ်တပ်ဘက်က စစ်ကြောင်းမှူးအပြင် (၁၂)ဦးသေဆုံးခဲ့ ‌ဇွန်လ (၃)ရက်။ မေလ (၂၂)ရက်နေ့ ညနေ (၅)နာရီအချိန်က အုတ်ဖိုမြို့ ကျီးပြတ်ရွာမှာ
မြန်မာသတင်း

မင်းတပ်မြို့အနီး စစ်တပ်နဲ့ ချင်းပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်နေ

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 36 Views
‌ဇွန်လ (၃)ရက်။ မေလ (၃၀)ရက်နေ့ကစပြီး မင်းတပ်မြို့နဲ့ (၁၀)မိုင်ခန့်အကွာမှာ စစ်တပ်နဲ့ ချင်းပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်နေတယ်လို့ မြို့နယ်စစ်ဘေးရှောင်စခန်း စီမံခန့်ခွဲမှုကော်မတီထံက သိရပါတယ်။
မြန်မာသတင်း

ဧရာဝတီတိုင်းထဲ တိုက်ပွဲတွေမှာ စစ်ကောင်စီရဲ့ စစ်မှုထမ်းတပ်သားသစ်တွေ အများအပြားသေဆုံးနေ

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 32 Views
‌ဇွန်လ (၃)ရက်။ ဧရာဝတီတိုင်းရှိ သာပေါင်း၊ ရေကြည်နဲ့ လေးမျက်နှာမြို့တို့မှာ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်တို့အကြား တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ဒေသထဲစစ်ရေးသတင်းတွေထံက သိရပါတယ်။ အဲ့ဒီတိုက်ပွဲတွေမှာ စစ်ကောင်စီက အတင်းအဓမ္မစုဆောင်းထားတဲ့ စစ်မှုထမ်းတပ်သားသစ်တွေ အများအပြား သေဆုံးနေပြီး ရုပ်အလောင်းတွေကို ပြန်သယ်နိုင်တာမရှိဘူးလို့
မြန်မာသတင်း

လယ်ဒိုမှာ စစ်တပ်ရဲ့ လက်နက်ကြီးကြောင့် အရပ်သား (၃)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 38 Views
ဇွန်လ (၃)ရက်။ မေလ (၃၀)ရက်နေ့က လယ်ဒိုမြို့ အင်တိုင်းကုန်းရွာကို စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တယ်လို့ KNU ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ခမရ(၂၆၄)ကနေ ၁၅၅မမ ဟောင်ဝှစ်ဇာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ။ အင်တိုင်းကုန်းရွာထဲကျပြီး
မြန်မာသတင်း

ထားဝယ်တိုက်ပွဲ စစ်ကောင်စီတပ်သား (၂)ဦးသေဆုံးခဲ့တယ်လို့ ဒူကရစစ်ကြောင်း ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 38 Views
ဇွန်လ (၂)ရက်။ မေလ (၂၀)ရက်နေ့က ထားဝယ်မြို့ ပခပ်အင်းရွာမှာ စစ်ကောင်စီတပ်နဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒူကရစစ်ကြောင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ပကာရီရွာဘက်ကနေ ရေဝိုင်းရွာဘက်ကို အင်အား(၂၀၀)လောက်နဲ့ စစ်ကြောင်းထိုးလာတဲ့ စကစတပ်နဲ့ ပခပ်အင်းရွာမှာ တိုက်ပွဲဖြစ်ပွားတာ။
နိုင်ငံတကာသတင်း မြန်မာသတင်း အာရှ အိန္ဒိယ

မင်းအောင်လှိုင်ရဲ့ သမ္မတအနေနဲ့ ပထမဆုံး ပြည်ပခရီးစဉ် လာရောက်တာကို ဂုဏ်ယူတယ်ဆိုပြီး မိုဒီပြော

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 37 Views
‌ဇွန်လ (၂)ရက်။ မင်းအောင်လှိုင်ဟာ သမ္မတ ရွေးချယ်ခံရပြီးနောက် ပထမဆုံး ပြည်ပခရီးစဉ်အနေနဲ့ အိန္ဒိယကို လာရောက်တဲ့အပေါ် ဂုဏ်ယူတယ်ဆိုပြီး ဝန်ကြီးချုပ် မိုဒီက မနေ့က တွေ့ဆုံပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ နိုင်ငံရဲ့အာဏာကို လက်နက်အားကိုးနဲ့ အတင်းအဓမ္မလုယူပြီး အတုအယောင်ရွေးကောက်ပွဲ
မြန်မာသတင်း

ရုပ်ရှင်ဒါရိုက်တာ မင်းထင်ကိုကိုကြီး အသည်းကင်ဆာရောဂါနဲ့ ကွယ်လွန်

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 27 Views
ဇွန်လ (၂)ရက်။ ဒီကနေ့ နံနက် (၇)နာရီအချိန်က ရုပ်ရှင်ဒါရိုက်တာ မင်းထင်ကိုကိုကြီးဟာ အသည်းကင်ဆာရောဂါနဲ့ ကွယ်လွန်ခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ မင်းထင်ကိုကိုကြီးဟာ ကွယ်လွန်ချိန်မှာ အသက် (၆၅)နှစ်ရှိပြီဖြစ်ကာ နှစ်ပေါင်းများစွာကြာ အသည်းကင်ဆာရောဂါဝေဒနာကို ခံစားနေရပြီး ကုသမှုခံယူနေရတာပါ။ သူဟာ
မြန်မာသတင်း

စစ်ကောင်စီကျောင်းတွေမှာ ကျောင်းအပ်နှံတာတွေ ပပျောက်ဖို့ ပုလဲမြို့နယ်ပအဖ စည်းကမ်းသတ်မှတ်ချက်တွေထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 27 Views
မေလ (၃၀)ရက်။ ပုလဲမြို့နယ်ထဲရှိ စစ်ကောင်စီကျောင်းတွေမှာ ကျောင်းအပ်နှံတာတွေ လုံးဝပပျောက်ဖို့ မြို့နယ်ပအဖက စည်းကမ်းသတ်မှတ်ချက်တွေ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ အဲ့ဒီစည်းကမ်းချက်တွေဟာ စစ်ကောင်စီနဲ့ပတ်သက်တဲ့ ကျောင်းတွေကို တော်လှန်ရေးနယ်မြေထဲက ကျောင်းသားမိဘတွေအနေနဲ့ ကျောင်းအပ်နှံတာ လုံးဝမပြုဖို့ ဆိုထားပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် စစ်ကောင်စီကျောင်းမှာ