တော်လှန်ရေးတပ်တွေ သိမ်းပိုက်ခဲ့တဲ့ ကော့ဘိန်းရဲစခန်းကို စစ်ကောင်စီတပ်က ပြန်လည်နေရာယူထားတယ်လို့ဆို
ဧပြီလ (၂၅)ရက်။ ဒီကနေ့ နံနက်(၈)နာရီခွဲအချိန်ကစပြီး ကော့ကရိတ်မြို့ရှိ ကော့ဘိန်းကျေးရွာရဲစခန်းကို စစ်ကောင်စီတပ်တွေက ပြန်လည်နေရာယူထားတယ်လို့ စစ်ကောင်စီရဲ့ ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်တွေမှာ ဖော်ပြထားချက်အရ သိရပါတယ်။ အဲ့ဒီကော့ဘိန်းကျေးရွာရဲစခန်းကို မွန်၊ ကရင်နဲ့ PDF ပူးပေါင်းတော်လှန်ရေးတပ်တွေက မတ်လ (၂၄)ရက်နေ့မှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး...