နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 18 ရက်

မြန်မာသတင်း

မြန်မာသတင်း

လောင်းလုံးမြို့နယ်မှာ စစ်ကောင်စီတပ်တွေ မိုင်းဆွဲပစ်ခတ်ခံရပြီး (၃၀)ခန့်သေဆုံးကာ အများအပြားဒဏ်ရာရခဲ့

စက်တင်ဘာလ (၁၂)ရက်။

လောင်းလုံးမြို့နယ်ထဲမှာ စစ်ကောင်စီတပ်တွေကို (၅)ရက်တာကာလထဲ ၄၀မမ ဗုံးပစ်လောင်ချာတွေအပါအ၀င် မိုင်းဆွဲတိုက်ခိုက်တာတွေ ပြုလုပ်ခဲ့တယ်လို့ လောင်းလုံမြို့နယ်ပကဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

အဲ့ဒီစစ်ကောင်စီစစ်ကြောင်းတွေဟာ လောင်းလုံးမြို့ရှ်ိ မောင်းမကန်၊ ကျောက်ဆင်၊ သဘော့ဆိပ်၊ ပြင်ကြီးနဲ့ ရှိုင်သာယာရွာက နေအိမ်တွေကနေ တန်ဖိုးရှိပစ္စည်းတွေကို ကားနဲ့ ခိုးယူသယ်ဆောင်ပြီး နေအိမ်တွေကို မီးရှို့ခဲ့တာလို့ ဆိုပါတယ်။

ဒါ့ကြောင့် ဩဂုတ်လ (၂၄)ရက်က မောင်းမကန်ကြက်ခြံထဲ ရောက်နေတဲ့ စစ်ကောင်စီတပ်ကို ၄၀မမ ဗုံးပစ်လောင်ချာနဲ့ ပစ်ခတ်ခဲ့ရာ (၁၀)ဦးခန့်သေဆုံးပြီး စစ်ကောင်စီဆေးမှူးကြီးတစ်ဦး ဒဏ်ရာရခဲ့ကာ စစ်ကောင်စီအလောင်းတွေကို နောက်တစ်ရက်မှာ အရေးပေါ်ကားတွေနဲ့ သယ်သွားတယ်လို့ ဖော်ပြထားပါတယ်။

စက်တင်ဘာလ (၇)ရက်နေ့ ည (၁၂)နာရီခွဲက ပြင်ကြီးရွာကို စစ်ကောင်စီတပ်တွေ ရောက်လာချိန် ၄၀မမ ဗုံးပစ်လောင်ချာနဲ့ ပစ်ခတ်ခဲ့တာကြောင့် (၁၀)မိနစ်ခန့် အပြန်အလှန်ပစ်ခတ်ခဲ့ပြီး စစ်ကောင်စီဘက်က (၇)ဦးသေဆုံးခဲ့တယ်လို့ ရေးသားထားပါတယ်။

စက်တင်ဘာလ (၈)ရက် နေ့လယ် (၁)နာရီမှာ သဘော့ဆိပ်ရွာထဲ ရောက်ရှိနေတဲ့ စစ်ကောင်စီတပ်တွေကို ၄၀မမ ‌ဗုံးပစ်လောင်ချာနဲ့ ထပ်မံပစ်ခတ်ခဲ့ရာ (၅)မိနစ်ခန့် အပြန်အလှန် ပစ်ခတ်ခဲ့ကြပြီး အဲ့ဒီတိုက်ပွဲထဲ စစ်ကောင်စီတပ်ဖွဲ့၀င် (၁၀)ဦးသေဆုံးကာ အများအပြား ဒဏ်ရာရခဲ့တယ်လို့ ပြောဆိုထားပါတယ်။

ဒါ့အပြင် စက်တင်ဘာလ (၉)ရက်နေ့က မောင်းမကန်ရွာနဲ့ ကျောက်ဆင်ရွာကြားမှာ စစ်ကောင်စီစစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့သလို စက်တင်ဘာလ (၁၀)ရက်က မောင်းမကန် (၃)ထပ်လမ်းမှာ စစ်ကောင်စီရဲ့ မြေတင်ကား (၂)စီးနဲ့ Vigo ကား (၂)စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့သေးတယ်လို့ ထုတ်ပြန်ထားပါတယ်။

အဲ့ဒီမိုင်းဆွဲတိုက်ခိုက်တာတွေထဲ စစ်ကောင်စီဘက်က (၃)ဦးသေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကာ အသေးစိတ်ကိုတော့ စုံစမ်းနေတယ်လို့ သိရပြီး စစ်ကောင်စီကားတွေလဲ ထိမှန်ခဲ့တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 110 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 104 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 94 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 85 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 78 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 90 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 78 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 68 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို