ရန်ကုန်မှာ ၀မ်းရောဂါဖြစ်ပွားတာကို စတင်ထိန်းချုပ်နိုင်ပြီလို့ စစ်ကောင်စီကျန်းမာရေးပြော၊ မနေ့က ရောဂါဖြစ်ပွားတဲ့လူနာသစ် (၈၀)ကျော်တွေ့ရှိခဲ့
ဇူလိုင်လ (၁၉)ရက်။ ရန်ကုန်မှာ ၀မ်းရောဂါကို စတင်ထိန်းချုပ်နိုင်တဲ့အခြေအနေ ရောက်ရှိနေပြီလို့ စစ်ကောင်စီကျန်းမာရေး၀န်ကြီး သက်ခိုင်၀င်းက မနေ့က ရန်ကုန်ဆေးရုံကြီးမှာပြုလုပ်ခဲ့တဲ့ အစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ ရောဂါထိန်းချုပ်ရေးလုပ်ငန်းတွေကို အရှိန်အဟုန်နဲ့ ဆောင်ရွက်နေကာ ကိုဗစ်-၁၉ရောဂါလို ကူးစက်မြန်ရောဂါ ထိန်းချုပ်ဖို့နဲ့ ၀မ်းရောဂါကို...









