နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 7 ရက်

1027 Operations

1027 Operations မြန်မာသတင်း

PSLF/TNLA ထိန်းချုပ်ထားတဲ့ မြိုနယ်တွေမှာ တရားသူကြီးတွေ ခန့်အပ်တဲ့အခမ်းအနား ကျင်းပခဲ့တယ်လို့ TNLA သတင်းထုတ်ပြန်

သြဂုတ်လ (၁၂) ရက်။

မနေ့က သြဂုတ်လ (၁၁) ရက်နေ့မှာ ၁၀၂၇ စစ်ဆင်ရေး အပိုင်း (၁) နဲ့ အပိုင်း(၂) တို့မှာ TNLA က တိုက်ခိုက်သိမ်းပိုက် ထိန်းချုပ်ထားတဲ့ မြိုနယ်တွေ ဖြစ်ကြတဲ့ နမ့်ဆန်မြိုနယ်၊ မန်တုံမြိုနယ်၊ နမ့်ခမ်းမြိုနယ်၊ ကွတ်ခိုင်မြိုနယ်၊ နမ္မတူမြိုနယ်၊ မိုင်းငေါ့မြိုနယ်၊ မိုင်းလုံမြိုနယ်၊ ကျောက်မဲမြိုနယ်၊ နောင်ချိုမြိုနယ်၊ မိုးကုတ်မြိုနယ်၊ မိုးမိတ်မြိုနယ်နဲ့ သီပေါမြိုနယ် စုစုပေါင်း မြိုနယ် (၁၂) ခုမှာ တအာင်းတပ်မတော် PSLF/TNLA ကနေ ဗဟိုတရားသူကြီးတွေ၊ ခရိုင်တရားသူကြီးတွေ၊ မြိုနယ်တရားသူကြီးတွေနဲ့ ရှေ့နေတွေ အားလုံးကို လုပ်ငန်းတာဝန်လွဲပြောင်း၊ တာဝန်ခံအပ်တာနဲ့ ရာထူးအပ်နှင်းတဲ့ အခမ်းအနားကို တအာင်းပြည်၊ ထိန်းချုပ်နယ်မြေ တစ်နေရာမှာ ကျင်းပခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

တအာင်းပြည်အတွင်း တရားစီရင်ရေးစနစ် အားကောင်းစေရန်၊ တရားဥပဒေစိုးမိုးရေးရှိစေရန်နဲ့ တရားမျှတရေး ဆောင်ရွက်နိုင်ဖို့ ရည်ရွယ်ပြီး တအာင်းပြည် ဗဟိုတရားသူကြီး (၃) ဦး၊ ခရိုင်တရားသူကြီး (၄) ဦး၊ မြို့နယ်တရားသူကြီး (၈) ဦးနဲ့ ရှေ့နေ (၇) ဦး အသီးသီးတိုထံ PSLF/TNLA ဗဟိုအလုပ်အမှုဆောင်ကော်မတီကနေ အမိန့်စာ ထုတ်ပြန်ပြီး အလုပ်ခန့်အပ်လွှာ အပ်နှင်းခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် သက်ဆိုင်ရာ ဗဟိုတရားရုံး၊ ခရိုင်တရားရုံး၊ မြိုနယ်တရားရုံးနဲ့ ဥပဒေရုံးတို့ရဲ့ လုပ်ငန်းတာဝန်တွေကိုလည်း အသိအမှတ်ပြုခဲ့ပြီး သူတို့ကိုလည်း လုပ်ငန်းနဲ့ တာဝန်ရာထူးတွေ ခန့်အပ်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီ တရားသူကြီးတွေနဲ့ အလုပ်နဲ့ ရာထူးများခန့်အပ်လွှာ အပ်နှင်းတဲ့ အခမ်းအနားကို ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဉီး PSLF/TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ် တားဘုန်းကျော်၊ ဗဟိုအထွေထွေအုပ်ချုပ်ရေးဌာနမှူး ဗိုလ်မှူးချုပ် တားဂူ;ဂျား၊ ဗဟိုအထွေထွေအုပ်ချုပ်ရေးဌာနမှ ဒု-ဌာနမှူး ဒု-ဗိုလ်မှူးကြီး တားအိုက်ကျော်၊ တအာင်းပြည် ဗဟိုတရားသူကြီးများ၊ ခရိုင်တရားသူကြီးများ၊ မြိုနယ်တရားသူကြီးများနှင့် ဥပဒေရှေ့နေများ စုစုပေါင်း (၂၉) ဦး တက်ရောက်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

နောင်ချိုနဲ့ သီပေါမြို့နယ်တွေမှာတော့ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီဘက်ကလည်း လေကြောင်းကနေ တိုက်ခိုက်နေတယ်လို့ သိရပါတယ်။

သီပေါမြို့ ခလရ (၂၃) တပ်စခန်းနေရာမှာ တိုက်ပွဲဆက်လက်ဖြစ်ပွားလျက်ရှိပြီး စစ်ကောင်စီတပ်က Y-12 ထောက်ပို့လေယာဉ်နဲ့ (၁၂) ကြိမ် ဗုံး (၈၅) ကြိမ် ကြဲချတဲ့အပြင် စစ်ကောင်စီတပ်ဖွဲဝင်တွေအတွက် Y-12 လေယာဉ်နဲ့ (၅) ကြိမ် ထောက်ပို့ ပစ္စည်းတွေ လာရောက်ကြဲချပေးခဲ့တယ်လို့ သိရပါတယ်။

နောင်ချိုမြိုနယ်တိုက်ပွဲအတွင်းမှာတော့ စစ်ကောင်စီဘက်က ဂျက်ဖိုက်တာနဲ့ (၃) ကြိမ်နဲ့ Y-12 ထောက်ပို့လေယာဉ်နဲ့ (၃) ကြိမ် လာရောက်ခဲ့ပြီး ဗုံး အလုံး (၂၀) ကြဲချခဲ့တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 59 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 55 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 52 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 54 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 48 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 56 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 50 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 42 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို