နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 14 ရက်

မြန်မာသတင်း

မြန်မာသတင်း

မြန်မာနိုင်ငံ မြောက်ပိုင်း အပါအဝင် နိုင်ငံတွင်း တိုးတက်မှုများကို တရုတ်နိုင်ငံက အနီးကပ်ကြည့်ရှု လေ့လာလျက်ရှိတယ်ဟု ဆို

သြဂုတ်လ (၁၂) ရက်။

သြဂုတ်လ (၉) ရက်နေ့က ပြုလုပ်ခဲ့တဲ့ တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ AFP သတင်းဌာနရဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ မေးမြန်းချက်အပေါ် မြန်မာနိုင်ငံ မြောက်ပိုင်း အပါအဝင် နိုင်ငံတွင်း တိုးတက်မှုများကို တရုတ်နိုင်ငံက အနီးကပ်ကြည့်ရှု လေ့လာနေတယ်လို့ ဖြေဆိုလိုက်ပါတယ်။

အမေးအဖြေ အပြည့်အစုံက အောက်ပါအတိုင်း ဖြစ်ပါတယ်။

AFP – အာရှရေးရာဆိုင်ရာ တရုတ်အထူးသံတမန် Deng Xijun ဟာ မြန်မာစစ်တပ်ရဲ့ အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် ဆုံးရှုံးပြီးနောက် ကြာသပတေးနေ့မှာ နေပြည်တော်ကို ရောက်ရှိလာခဲ့တယ်လို့ မြန်မာနိုင်ငံပိုင်မီဒီယာတွေမှာ ဖော်ပြကြပါတယ်။ သူ မြန်မာနိုင်ငံကို သွားရောက်မှုကို အတည်ပြုပြီး နောက်ထပ် အချက်အလက်တွေကို သိရှိနိုင်ပါ့မလား။ ကြာသပတေးနေ့က တရုတ်နိုင်ငံမှာ မြန်မာစစ်အစိုးရနဲ့ ညီနောင်သုံးဖော် မဟာမိတ်အဖွဲ့တို့အကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ထပ်မံပြုလုပ်ဖို့ စီစဉ်ထားသော်ပေမယ့် အဲ့ဒီဆွေးနွေးပွဲကို စစ်ကောင်စီဘက်က ကိုယ်စားလှယ်အဖွဲ့ မစေလွှတ်ခဲ့ဘူးလို့ သိရပါတယ်။ နိုင်ငံခြားရေးဌာနအနေနဲ့ အတည်ပြုပေးနိုင်မလား။

Mao Ning – မြန်မာနိုင်ငံကို ချစ်ကြည်ရင်းနှီးတဲ့ အိမ်နီးချင်းနိုင်ငံအနေနဲ့ တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံမြောက်ပိုင်းအပါအဝင် နိုင်ငံတွင်း တိုးတက်မှုတွေကို အနီးကပ်ကြည့်ရှု လေ့လာလျက်ရှိပါတယ်။

မြန်မာနိုင်ငံမှာ စစ်ပွဲတွေနဲ့ ပဋိပက္ခတွေကို မတွေ့မြင်ချင်ဘဲ မြန်မာနိုင်ငံ မြောက်ပိုင်းအပါအဝင် နိုင်ငံအတွင်း မကြာမီ တည်ငြိမ်အေးချမ်းမှု ပြန်လည်ရရှိမယ်လို့ စိတ်ရင်းမှန်နဲ့ မျှော်လင့်ပါတယ်။

တိုင်းရင်းသား စည်းလုံးညီညွတ်ရေးအပြင် နိုင်ငံတည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဆောလျင်စွာ အကောင်အထည် ဖော်ဆောင်ရန် မြန်မာနိုင်ငံရှိ သက်ဆိုင်ရာပါတီတွေကို တိုက်ပွဲတွေ ရပ်တန့်ရေးအတွက် အပြန်အလှန်ဆွေးနွေးတာနဲ့ ညှိနှိုင်းတိုင်ပင်အဖြေရှာရေးတို့ကိုလည်း ကတိကဝတ်ပြုပြီး တိုက်တွန်း နှိုးဆော်ခဲ့ပါတယ်။

တရုတ်နိုင်ငံဟာ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးပွဲတွေကို တက်ကြွစွာ ပါဝင် မြှင့်တင်ပေးသွားပြီး မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို အစွမ်းကုန် ပံ့ပိုးကူညီသွားမှာဖြစ်ပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 95 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 91 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 83 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 75 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 63 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 83 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 69 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 61 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို