အပစ်ရပ်သဘောတူညီချက်ကို လျစ်လျူရှုထားတာကြောင့် ရှမ်းမြောက်ဒေသ တိုက်ပွဲတွေ ပိုမိုပြင်းထန်လာနိုင်တယ်လို့ MNDAA ပြော
ဇွန်လ (၃၀)ရက်။ အပစ်ရပ်သဘောတူညီချက်ကို နှစ်ဖက်စလုံးက လျစ်လျူရှုထားတာကြောင့် ရှမ်းမြောက်ဒေသထဲ တိုက်ပွဲတွေ ပိုမိုပြင်းထန်လာနိုင်တယ်လို့ ကိုးကန့်တပ်(MNDAA)ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အာဏာသိမ်းတပ် မင်းအောင်လှိုင်ဟာ ညီနောင်မဟာမိတ်အဖွဲ့တွေဖြစ်တဲ့ TNLA၊ AA တို့နဲ့အတူ ရရှိထားတဲ့ အပစ်ရပ်သဘောတူညီချက်ကို...









