နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 27 ရက်

မြန်မာသတင်း

မြန်မာသတင်း

မြန်မာရှိဘဏ်တွေကို အရေးယူဖို့ ကုလရဲ့ တောင်းဆိုချက် အကျိုးစီးပွားထိခိုက်စေတယ်လို့ စစ်ကောင်စီလက်အောက်ခံ UMFCCI စာထုတ်

ဇွန်လ (၂၉)ရက်။

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ မြန်မာရှိဘဏ်တွေကို အရေးယူဖို့ တောင်းဆိုချက်က ပြည်သူလူထုရဲ့ အကျိုးစီးပွားကို ထိခိုက်စေတယ်ဆိုပြီး စစ်ကောင်စီလက်အောက်ခံ UMFCCI ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။

ကုလလူ့အခွင့်အရေးကောင်စီရဲ့ တောင်းဆိုချက်ဟာ မြန်မာနိုင်ငံနဲ့ ပြည်ပနိုင်ငံတွေအကြား စီးပွားရေးဆက်ဆံမှုကို ထိခိုက်စေတဲ့အတွက် စိုးရိမ်ပူပန်မိကာ လူမှုစီးပွားဘ၀‌တွေ ရှင်သန်ဖို့ ကြိုးပမ်းသွားမယ်လို့ ဆိုပါတယ်။

UMFCCI အနေနဲ့ နိုင်ငံထဲက စီးပွားရေးလုပ်ငန်းတွေကို ထိခိုက်နိုင်စေတာကနေတဆင့် နစ်နာဆုံးရှုံးတာမဖြစ်စေဖို့နဲ့ ထိခိုက်တာတွေ မရှိစေဖို့ နိုင်ငံတကာအဖွဲ့တွေကို တိုက်တွန်းထားပါသေးတယ်။

ကုလလူ့အခွင့်အရေးကောင်စီအနေနဲ့ နိုင်ငံပိုင်ဘဏ်တွေနဲ့ ပုဂ္ဂလိကဘဏ်တွေကို အရေးယူဖို့ လုပ်ဆောင်တာက ပြည်တွင်းစီးပွားရေး လုပ်ငန်းလည်ပတ်တာကို သက်ရောက်တာတွေရှိတဲ့အပြင် မှီခိုနေတဲ့ ၀န်ထမ်းတွေနဲ့ မိသားစုတွေရဲ့ စား၀တ်နေရေးကို ထိခိုက်စေတယ်လို့ ပြောဆိုထားပါသေးတယ်။

ဒါ့ပြင် ဘဏ္ဍာရေးစနစ်အနေနဲ့ စီးပွားရေးလုပ်ငန်းတွေရဲ့ သွက်လက်မှုကို ထောက်ပံ့ပေးနေတဲ့ အဓိကကျတဲ့အချက်ဖြစ်တာကြောင့် အဲ့ဒီစနစ်ကို ပိတ်ပင်တာက မြန်မာ့စီးပွားရေးအရင်းအမြစ်တွေကို ထိခိုက်စေတယ်လို့လဲ ဖော်ပြထားပါတယ်။

ကုလလူ့အခွင့်အရေးကောင်စီက အပြည်ပြည်ဆိုင်ရာဘဏ်တွေ၊ နိုင်ငံပိုင်ဘဏ်တွေနဲ့ ပုဂ္ဂလိကဘဏ်တွေအချို့ဟာ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး ချိုးဖောက်တာတွေထဲ ပါ၀င်နေတာကြောင့် အရေးယူပေးဖို့ ဇွန်လ (၂၆)ရက်နေ့က ထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဘုတ်ပြင်းမြို့မှာ စစ်ကောင်စီတပ်သားတဦး PDF ဆီ လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်

  • 2026 ခုနှစ်၊ ဧပြီလ 27 ရက်
  • 0 Views
ဧပြီလ (၂၇)ရက်။ ဧပြီလ (၂၂)ရက်နေ့က ‌ဘုတ်ပြင်းမြို့မှာ စစ်ကောင်စီတပ်သားတဦး အလင်းဝင်လာတယ်လို့ ကော့သောင်းခရိုင်အမှတ်(၁)တပ်ရင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အလင်းဝင်လာတဲ့
မြန်မာသတင်း

မင်းအောင်လှိုင်ရဲ့ လူမှုထူးချွန်ဆု(တတိယအဆင့်)ချီးမြှင့်ခံရတဲ့ အုပ်ချုပ်ရေးမှူး ပစ်ခတ်ရှင်းလင်းခံရ

  • 2026 ခုနှစ်၊ ဧပြီလ 27 ရက်
  • 1 Views
ဧပြီလ (၂၇)ရက်။ ဧပြီလ (၁၈)ရက်နေ့ နေ့လယ် (၁၂)နာရီအချိန်က ပေါင်းတလည်မြို့ ဒွကျေးရွာအနီးမှာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတဦးကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ပြည်ခရိုင်တပ်ရင်း(၂)ရဲ့
မြန်မာသတင်း

နယ်မြေဆုံးရှုံးတာတွေနဲ့ တပ်ထဲဖိအားတွေကြောင့် နတခတိုင်းမှူး ဗိုလ်ချုပ် စိုးကျော်ထက် တာဝန်ကနေ ဖယ်ရှားခံရ

  • 2026 ခုနှစ်၊ ဧပြီလ 27 ရက်
  • 4 Views
ဧပြီလ (၂၅)ရက်။ ဧရာဝတီတိုင်း ပုသိမ်အခြေစိုက် နတခတိုင်းမှူး ဗိုလ်ချုပ် စိုးကျော်ထက်ကို စစ်တပ်က တာဝန်ကနေ ဖယ်ရှားလိုက်တယ်လို့ တပ်ထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ ဧရာဝတီတိုင်းထဲ တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ ကျေးရွာ (၂၂၈)ရွာကို တနှစ်ကျော်ကြာတဲ့အထိ ပြန်လည်မသိမ်းပိုက်နိုင်တာကြောင့် အခုလို
မြန်မာသတင်း

“အတုအယောင်ငြိမ်းချမ်းရေးကမ်းလှမ်းချက်နဲ့

  • 2026 ခုနှစ်၊ ဧပြီလ 26 ရက်
  • 31 Views
နိုင်ငံရေးအကျဥ်းသားများလွတ်မြောက်ရေး” မင်းအောင်လှိုင်ကအတုအယောင်ငြိမ်းချမ်းရေးကမ်းလှမ်းတယ်လို့ ပြီးပြည်နယ်တွေ တိုင်းတွေကို ဗုံးတွေကြဲနေတယ်၊ နောက်သူသမတတက်လုပ်ပြီးတဲ့နောက် မတရား ဖမ်းဆီးထားတဲ့နိုင်ငံရေးအကျဥ်းသားတွေကို လွှတ်ပေးမယ်ပြောပြီး ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အများစုကိုလွှတ်မပေးဘူး။ ဒီလိုဘဲနျုူဂျီကလည်းသူတို့နဲ့သဘောထားမတူနဲ့တော်လှန်းရေးသမားတွေ သူတို့စီအိုစီ အောက်မဝင်တဲ့ အဖွဲ့အစည်းတွေကို တိုက်ထုတ်ပြီး ဘဝတူ တော်လှန်ရေးသမားတွေကို ဖမ်းထားပြီး၊
မြန်မာသတင်း

ဖလမ်းမြို့ကို စစ်တပ်က ပြန်လည်ထိန်းချုပ်နိုင်ခဲ့တယ်ဆိုပြီး စစ်လော်ဘီချန်နယ်တွေပြော

  • 2026 ခုနှစ်၊ ဧပြီလ 25 ရက်
  • 31 Views
ဧပြီလ (၂၅)ရက်။ ဒီကနေ့ နံနက်ပိုင်းအချိန်မှာ ချင်းပြည်နယ် ဖလမ်းမြို့ကို စစ်တပ်က ပြန်လည်ထိန်းချုပ်နိုင်ခဲ့တယ်ဆိုပြီး စစ်လော်ဘီချန်နယ်တွေက ပြောဆိုထားတယ်လို့ သိရပါတယ်။ ချင်းပူးပေါင်းတပ်တွေ သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ဖလမ်းမြို့ကို စစ်တပ်က ပြီးခဲ့တဲ့နှစ် စက်တင်ဘာလကုန်ပိုင်းကစပြီး အင်အားအလွန်အကျွံသုံးကာ ထိုးစစ်ဆင်ခဲ့တာပါ။ ဖလမ်းမြို့ကို
မြန်မာသတင်း

ဘိုဒါးရွာထဲ (၂)နှစ်ကျော်ကြာ တပ်စွဲထားတဲ့ စစ်တပ်စခန်းကို KNLA ပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်

  • 2026 ခုနှစ်၊ ဧပြီလ 25 ရက်
  • 31 Views
ဧပြီလ (၂၅)ရက်။ ဘိုဒါးရွာထဲ စစ်တပ်က တပ်စွဲထားတဲ့စခန်းကို ‌တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ KNU ရဲ့ ဒီကနေ့မှာ ပြောဆိုထားချက်အရ သိရပါတယ်။ ဘိုဒါးစခန်းဟာ လယ်ကဆောမြို့နယ်၊ ဘုတ်ပြင်းမြို့နဲ့ ပြည်ကြီးမဏ္ဍိုင်မြို့ကြား ပြည်ထောင်စုလမ်းမပေါ်ရှိ ဘိုဒါးရွာထဲမှာ စစ်တပ်က (၂)နှစ်ကျော်ကြာ
မြန်မာသတင်း

စစ်အုပ်စုရဲ့ အတုအယောင် ငြိမ်းချမ်းရေးဖိတ်ခေါ်တဲ့အပေါ် NUCC ထုတ်ပြန်

  • 2026 ခုနှစ်၊ ဧပြီလ 25 ရက်
  • 27 Views
ဧပြီလ (၂၅)ရက်။ အကြမ်းဖက်စစ်အုပ်စုရဲ့ ရက်ပေါင်း (၁၀၀)ထဲ အတုအယောင် ငြိမ်းချမ်းရေးဖိတ်ခေါ်တာနဲ့ပတ်သက်ပြီး NUCC က ဒီကနေ့မှာ သဘောထားထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီဖိတ်ခေါ်တာဟာ စစ်အာဏာသိမ်းတာကြောင့် ပျက်ပြယ်ပြီးဖြစ်တဲ့ ၂၀၀၈ခြေ/ဥနဲ့ NCA လမ်းကြောင်းကနေတဆင့် တော်လှန်ရေးအင်အားစုတွေကို သက်လျှိုသွေးခွဲဖို့
မြန်မာသတင်း

စစ်ကော်မရှင်ရဲ့ ကပစ(၂၄) ရှော့တိုက်ဒုံးတွေ၊ လက်လုပ်ရော့ကတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ ဧပြီလ 24 ရက်
  • 36 Views
ဧပြီလ (၂၄)ရက်။ ဧပြီလ (၂၀)ရက်နေ့က ပေါက်မြို့နယ်ရှိ စစ်ကော်မရှင်ရဲ့ ကပစ(၂၄)ကို ရှော့တိုက်ဒုံးတွေ၊ လက်လုပ် ရော့ကတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မကွေးတိုင်းပကဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ကပစ(၂၄)ကို MGY–30 Special Operations Unit–3