နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 11 ရက်

1027 Operations

1027 Operations မြန်မာသတင်း

နောင်ချိုနဲ့ မိုးကုတ်က စစ်ကောင်စီတပ်စခန်းအချို့ကို TNLA ထပ်မံသိမ်းပိုက်ရရှိခဲ့၊ လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရမိခဲ့ကာ စစ်ကောင်စီဘက်က (၅၃)ဦး လက်နက်ချအလင်း၀င်ခဲ့

ဇွန်လ (၃၀)ရက်။

(၅)ရက်တာ ရှမ်းမြောက်တိုက်ပွဲထဲ နောင်ချိုမြို့ ရှုခင်းသာက စစ်ကောင်စီရဲ့ ခမရ(၁၁၄)တပ်စခန်းနဲ့ မိုးကုတ်မြို့ရှိ အောင်သာယာတပ်စခန်းတို့ကို သိမ်းပိုက်ရရှိခဲ့တယ်လို့ TNLA ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။

မနေ့က နံနက်(၇)နာရီအချိန်မှာ နောင်ချိုမြို့၊ ရှုခင်းသာရှိ စစ်ကောင်စီရဲ့ ခမရ(၁၁၄)တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ညနေ(၄)နာရီခန့်မှာ မိုးကုတ်မြို့ရှိ အောင်သာယာတပ်စခန်းကို သိမ်းပိုက်နိုင်ခဲ့တာလို့ ဆိုပါတယ်။

မိုးကုတ်နဲ့ နောင်ချိုက စစ်ကောင်စီတပ်စခန်းတွေကနေ ပစ္စတို(၈)လက်၊ MA-1(၈)လက်၊ MA-2 (၃)လက် MA-3 (၃)၊ G3(၂)လက်၊ ရိုက်ဖယ်သေနတ် (၁၅)လက်၊ ကာဘိုင်သေနတ် (၁၀)လက်၊ MA-15 ငါးဂျင်းမီး (၃)လက်၊ M79 (၁)၊ RPG (၁)လက်၊ ကွန်မန်ဒိုစိန်ပြောင်း (၄)လက်၊ 12MM (၁)လက်၊ 81MM(၂)လက်၊ 81MM နောက်ပွင့် (၁)လက်၊ 60MM (၂)လက်၊ ဂျမ်ဘာ (၂)ခု၊ ဗုံးတွေ မိုင်းတွေနဲ့ စကားပြောစက်တွေ သိမ်းဆည်းရမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

မနေ့က မိုးမိတ်မြို့ထဲ ရွှေဆာလီရွာအပါအ၀င် လယ်ဝိန်းရွာက စစ်ကောင်စီရဲ့ ခလရ(၂၂၃)တပ်စခန်းနဲ့ လယ်ကြီးရှိ ခမရ(၃၄၈)တပ်စခန်းတို့မှာ တိုက်ပွဲတွေဖြစ်ပွားခဲ့တယ်လို့ ရေးသားထားပါတယ်။

ရှမ်းမြောက်မှာ တိုက်ပွဲဖြစ်ပွားနေတဲ့ နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးကုတ်နဲ့ မိုးမိတ်မြို့တို့မှာ (၅)ရက်ထဲ စစ်ကောင်စီဘက်က ဗိုလ်မှူးအဆင့်အပါအ၀င် (၅၃)ဦး TNLA ထံ လက်နက်ချ အလင်း၀င်ခဲ့တယ်လို့ ပြောဆိုထားပါတယ်။

TNLA ထံ လက်နက်ချအလင်း၀င်သူတွေထဲ စစ်ကောင်စီတပ်က ဗိုလ်မှူးတစ်ဦးအပါအဝင် ဗိုလ်ကြီး (၄)ဦး၊ ရဲအုပ် (၁)ဦး၊ တပ်ကြပ်ကြီး(၆)ဦး၊ ရဲတပ်ကြပ်(ယာဉ်ထိန်း)(၁)ဦး၊ တပ်ကြပ် (၁၁)ဦး၊ ဒုတပ်ကြပ်(၉)ဦး၊ ရဲတပ်သား(၁)ဦးနဲ့ တပ်သား(၁၉)ဦးတို့ဖြစ်တယ်လို့ အသိပေးထားပါတယ်။

ဒါ့ပြင် ကျောက်မဲ၊ နောင်ချိုနဲ့ မိုးကုတ်မြို့က (၅)ရက်တာတိုက်ပွဲတွေထဲ စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီးပစ်ခတ်တာတွေကြောင့် အရပ်သား (၂၂)ဦး သေဆုံးခဲ့ရပြီး (၃၀)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့လဲ ထုတ်ပြန်ထားပါတယ်။

အဲ့ဒီမြို့နယ် (၃)မြို့နယ်မှာ တအာင်းတပ်မတော်(TNLA)နဲ့ စစ်ကောင်စီတပ်တို့ရဲ့ တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်ပြည်သူ (၃၀၀၀)နီးပါးအထိရှိတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

အုတ်ဖိုတိုက်ပွဲ စစ်တပ်ဘက်က စစ်ကြောင်းမှူးအပြင် (၁၂)ဦးသေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 69 Views
အုတ်ဖိုတိုက်ပွဲ စစ်တပ်ဘက်က စစ်ကြောင်းမှူးအပြင် (၁၂)ဦးသေဆုံးခဲ့ ‌ဇွန်လ (၃)ရက်။ မေလ (၂၂)ရက်နေ့ ညနေ (၅)နာရီအချိန်က အုတ်ဖိုမြို့ ကျီးပြတ်ရွာမှာ
မြန်မာသတင်း

မင်းတပ်မြို့အနီး စစ်တပ်နဲ့ ချင်းပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်နေ

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 69 Views
‌ဇွန်လ (၃)ရက်။ မေလ (၃၀)ရက်နေ့ကစပြီး မင်းတပ်မြို့နဲ့ (၁၀)မိုင်ခန့်အကွာမှာ စစ်တပ်နဲ့ ချင်းပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်နေတယ်လို့ မြို့နယ်စစ်ဘေးရှောင်စခန်း စီမံခန့်ခွဲမှုကော်မတီထံက သိရပါတယ်။
မြန်မာသတင်း

ဧရာဝတီတိုင်းထဲ တိုက်ပွဲတွေမှာ စစ်ကောင်စီရဲ့ စစ်မှုထမ်းတပ်သားသစ်တွေ အများအပြားသေဆုံးနေ

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 59 Views
‌ဇွန်လ (၃)ရက်။ ဧရာဝတီတိုင်းရှိ သာပေါင်း၊ ရေကြည်နဲ့ လေးမျက်နှာမြို့တို့မှာ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်တို့အကြား တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ဒေသထဲစစ်ရေးသတင်းတွေထံက သိရပါတယ်။ အဲ့ဒီတိုက်ပွဲတွေမှာ စစ်ကောင်စီက အတင်းအဓမ္မစုဆောင်းထားတဲ့ စစ်မှုထမ်းတပ်သားသစ်တွေ အများအပြား သေဆုံးနေပြီး ရုပ်အလောင်းတွေကို ပြန်သယ်နိုင်တာမရှိဘူးလို့
မြန်မာသတင်း

လယ်ဒိုမှာ စစ်တပ်ရဲ့ လက်နက်ကြီးကြောင့် အရပ်သား (၃)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 62 Views
ဇွန်လ (၃)ရက်။ မေလ (၃၀)ရက်နေ့က လယ်ဒိုမြို့ အင်တိုင်းကုန်းရွာကို စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တယ်လို့ KNU ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ခမရ(၂၆၄)ကနေ ၁၅၅မမ ဟောင်ဝှစ်ဇာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ။ အင်တိုင်းကုန်းရွာထဲကျပြီး
မြန်မာသတင်း

ထားဝယ်တိုက်ပွဲ စစ်ကောင်စီတပ်သား (၂)ဦးသေဆုံးခဲ့တယ်လို့ ဒူကရစစ်ကြောင်း ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 65 Views
ဇွန်လ (၂)ရက်။ မေလ (၂၀)ရက်နေ့က ထားဝယ်မြို့ ပခပ်အင်းရွာမှာ စစ်ကောင်စီတပ်နဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒူကရစစ်ကြောင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ပကာရီရွာဘက်ကနေ ရေဝိုင်းရွာဘက်ကို အင်အား(၂၀၀)လောက်နဲ့ စစ်ကြောင်းထိုးလာတဲ့ စကစတပ်နဲ့ ပခပ်အင်းရွာမှာ တိုက်ပွဲဖြစ်ပွားတာ။
နိုင်ငံတကာသတင်း မြန်မာသတင်း အာရှ အိန္ဒိယ

မင်းအောင်လှိုင်ရဲ့ သမ္မတအနေနဲ့ ပထမဆုံး ပြည်ပခရီးစဉ် လာရောက်တာကို ဂုဏ်ယူတယ်ဆိုပြီး မိုဒီပြော

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 62 Views
‌ဇွန်လ (၂)ရက်။ မင်းအောင်လှိုင်ဟာ သမ္မတ ရွေးချယ်ခံရပြီးနောက် ပထမဆုံး ပြည်ပခရီးစဉ်အနေနဲ့ အိန္ဒိယကို လာရောက်တဲ့အပေါ် ဂုဏ်ယူတယ်ဆိုပြီး ဝန်ကြီးချုပ် မိုဒီက မနေ့က တွေ့ဆုံပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ နိုင်ငံရဲ့အာဏာကို လက်နက်အားကိုးနဲ့ အတင်းအဓမ္မလုယူပြီး အတုအယောင်ရွေးကောက်ပွဲ
မြန်မာသတင်း

ရုပ်ရှင်ဒါရိုက်တာ မင်းထင်ကိုကိုကြီး အသည်းကင်ဆာရောဂါနဲ့ ကွယ်လွန်

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 38 Views
ဇွန်လ (၂)ရက်။ ဒီကနေ့ နံနက် (၇)နာရီအချိန်က ရုပ်ရှင်ဒါရိုက်တာ မင်းထင်ကိုကိုကြီးဟာ အသည်းကင်ဆာရောဂါနဲ့ ကွယ်လွန်ခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ မင်းထင်ကိုကိုကြီးဟာ ကွယ်လွန်ချိန်မှာ အသက် (၆၅)နှစ်ရှိပြီဖြစ်ကာ နှစ်ပေါင်းများစွာကြာ အသည်းကင်ဆာရောဂါဝေဒနာကို ခံစားနေရပြီး ကုသမှုခံယူနေရတာပါ။ သူဟာ
မြန်မာသတင်း

စစ်ကောင်စီကျောင်းတွေမှာ ကျောင်းအပ်နှံတာတွေ ပပျောက်ဖို့ ပုလဲမြို့နယ်ပအဖ စည်းကမ်းသတ်မှတ်ချက်တွေထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 39 Views
မေလ (၃၀)ရက်။ ပုလဲမြို့နယ်ထဲရှိ စစ်ကောင်စီကျောင်းတွေမှာ ကျောင်းအပ်နှံတာတွေ လုံးဝပပျောက်ဖို့ မြို့နယ်ပအဖက စည်းကမ်းသတ်မှတ်ချက်တွေ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ အဲ့ဒီစည်းကမ်းချက်တွေဟာ စစ်ကောင်စီနဲ့ပတ်သက်တဲ့ ကျောင်းတွေကို တော်လှန်ရေးနယ်မြေထဲက ကျောင်းသားမိဘတွေအနေနဲ့ ကျောင်းအပ်နှံတာ လုံးဝမပြုဖို့ ဆိုထားပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် စစ်ကောင်စီကျောင်းမှာ