ထားဝယ်မြို့မှာ အင်အားဖြည့်လာတဲ့ စစ်ကောင်စီယာဉ်တန်း ကြားဖြတ်တိုက်ခိုက်ခံရ၊ စစ်ကောင်စီတပ်သားအကုန်နီးပါး ထိခိုက်သေဆုံးခဲ့
ဧပြီလ (၁)ရက်။ မတ်လ (၃၁)ရက် နံနက် (၇)နာရီခွဲအချိန်က ထားဝယ်မြို့ကို အင်အားဖြည့်လာတဲ့ စစ်ကောင်စီယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ဗထူးတပ်မတော်(BHA)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မြေတင်ကား (၂)စီးပါ စစ်ကောင်စီယာဉ်တန်းဟာ ထားဝယ်မြို့ရှိ အမတ(၃၀၂)တပ်ရင်းကို အင်အားဖြည့်လာတဲ့အချိန်...








