နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 19 ရက်

မြန်မာသတင်း

မြန်မာသတင်း

ဧပြီလထဲ တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က (၄၃၀)ဦးသေဆုံးပြီး (၂၄၁)ဦးဒဏ်ရာရရှိခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသထုတ်ပြန်

မေလ (၁၇)ရက်။

ဧပြီလက တောင်ပိုင်းစစ်ဒေသထဲ တိုက်ပွဲတွေမှာ အကြမ်းဖက်စစ်ကောင်စီဘက်က (၄၃၀)ဦးသေဆုံးကာ (၂၄၁)ဦး ဒဏ်ရာရရှိခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။

အဲ့ဒီတစ်လတာကာလမှာ စစ်ကောင်စီရဲ့ သတင်းပေးဒလန်အပါအဝင် လက်နက်ချအညံ့ခံသူ စုစုပေါင်း (၅၇)ဦးကို အရှင်လက်ရဖမ်းဆီးခဲ့ကာ ခဲယမ်းလက်နက်မျိုးစုံနဲ့ ကျည်အမြောက်များကို သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

ဧပြီလက PDF အပါအဝင် KNLA၊ FFD နဲ့ BPLA မဟာမိတ်တပ်ဖွဲ့တွေက မြို့သိမ်းတိုက်ပွဲအနေနဲ့ ဖာပွန်မြို့ကို သိမ်းပိုက်နိုင်ခဲ့ကာ သင်္ကန်းညီနောင်ရှိ ခမရ(၃၅၅)၊ (၃၅၆)နဲ့ (၃၅၇)တပ်ရင်းတွေအပြင် ဗျူဟာကုန်းတွေကို တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

နောက်ပြီး စခန်းသိမ်းတိုက်ပွဲ (၅)ကြိမ်နဲ့ စစ်ကောင်စီနဲ့ ထိတွေ့တိုက်ပွဲပေါင်း (၇၁)ကြိမ်ရှိခဲ့ကာ စစ်ကောင်စီရဲ့ အထိုင်ချတပ်စခန်းတွေ၊ စစ်ကြောင်းတွေကို ဒရုန်းနဲ့တိုက်ခိုက်တာ (၃၃၆)ကြိမ်နဲ့ လက်နက်ကြီးနဲ့ (၁၁)ကြိမ်၊ စနိုက်ပါနဲ့ (၁၃)ကြိမ်၊ မိုင်းဆွဲတာ (၁၅)ကြိမ်နဲ့ စစ်ကောင်စီဒေါက်တိုင်တွေကို တိုက်ခိုက်တာ (၇)ကြိမ်ရှိခဲ့တယ်လို့ ရေးသားထားပါတယ်။

အဲ့ဒီတိုက်ပွဲတွေထဲ PDF နဲ့ မဟာမိတ်တွေဘက်က ရဲဘော် (၂၃)ဦး တိုင်းပြည်အတွက် ရဲဝံ့စွာ အသက်ပေးလှူသွားပြီး (၁၃၄)ဦး မစိုးရိမ်ရဒဏ်ရာ ရရှိခဲ့တယ်လို့ ပြောဆိုထားပါတယ်။

ဒါ့ပြင် တိုက်ပွဲကာလထဲ စစ်ကောင်စီရဲ့ ပြည်သူတွေနေထိုင်တဲ့ ကျေးရွာတွေကို ရမ်းသမ်းပစ်ခတ်တာ၊ လေကြောင်းကနေတိုက်ခိုက်တာနဲ့ အကြောင်းမဲ့ဖမ်းဆီးသတ်ဖြတ်တာကြောင့် ပြည်သူ (၄)ဦးသေဆုံးကာ (၃၀)ဦး ဒဏ်ရာရခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

အခုအခါ တောင်ပိုင်းစစ်ဒေသအနေနဲ့ ဖာပွန်မြို့အပါအဝင် ဗျူဟာကုန်းတွေကို ဆက်လက်ထိန်းချုပ်ထားပြီး မြဝတီ-ကော့ကရိတ် အာရှလမ်းတစ်လျောက်ကို ပြန်လည်ထိန်းချုပ်ဖို့ စစ်ကြောင်းထိုးလာတဲ့ တပ်မ(၅၅)၊ စကခ(၁၂)လက်အောက်ခံတပ်တွေကို တားဆီးတိုက်ခိုက်နေတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

နှင်းဆီလှုပ်ရှားမှု လုံခြုံရေး သတိပြုကြဖို အသိပေးနှိးဆော်ထား

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 12 Views
ဇွန်လ (၁၈)ရက်။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့အနေနဲ့ ပြည်လုံးကျွတ် နှင်းဆီလှုပ်ရှားမှု ပြုလုပ်မယ့်အပေါ် လုံခြုံရေးသတိပြုဖို အင်အားစုတွေက အသိပေးထားတယ်လို သိရပါတယ်။
မြန်မာသတင်း

မုံရွာမှာ စစ်ကော်မရှင်တပ်တွေ တိုက်ခိုက်ခံရပြီး (၄)ဦးသေဆုံးကာ ကား(၂)စီးပျက်စီးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 15 Views
ဇွန်လ (၁၈)ရက်။ ဇွန်လ (၁၅)ရက်နေ့က မုံရွာမြိုမှာ စစ်ကော်မရှင်တပ်တွေကို တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်ခဲ့တယ်လို PLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

NMSP ထိန်းချုပ်နယ်မြေထဲရှိ စစ်ရှောင်စခန်းကို စစ်တပ် လေကြောင်းဗုံးကြဲ

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 18 Views
ဇွန်လ (၁၈)ရက်။ ဒီကနေ့ နံနက် (၁)နာရီခွဲခန့်က NMSP ထိန်းချုပ်နယ်မြေထဲက ရေးချောင်းဖျားဒေသရှိ စစ်ရှောင်စခန်းကို စစ်တပ်က လေကြောင်းဗုံးကြဲခဲ့တယ်လို ဒေသထဲသတင်းတွေထံက သိရပါတယ်။ “ နံနက်အစောပိုင်း (၁)နာရီခွဲလောက် မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေက စစ်ရှောင်စခန်းကို စစ်တပ်က
တရုတ် မြန်မာ့နိုင်ငံရေး မြန်မာသတင်း

တရုတ်က မြန်မာနိုင်ငံရဲ့ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပံ့ပိုးကူညီသွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 20 Views
ဇွန်လ (၁၈)ရက်။ တရုတ်က မြန်မာနိုင်ငံရဲ့ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ ပံ့ပိုးကူညီသွားမယ်ဆိုပြီး မနေ့က နှစ်နိုင်ငံပူးတွဲကြေညာချက်မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ ပူးတွဲကြေညာချက်ထဲ စစ်ကော်မရှင်က မြန်မာနိုင်ငံမြောက်ပိုင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ဖြစ်မြောက်အောင် တရုတ်က ပါဝင်တဲ့အပေါ် ကျေးဇူးတင်တယ်လို့ ဆိုထားပါတယ်။ နောက်ပြီး
မြန်မာသတင်း

အခြားလက်နက်ကိုင်အဖွဲ့တွေနဲ့ ပူးပေါင်းတာမလုပ်ဖို့ဆိုပြီး SSPP ကို စစ်ကော်မရှင်ပြော

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 24 Views
ဇွန်လ (၁၈)ရက်။ ဇွန်လ (၁၂)ရက်နေ့က နေပြည်တော်မှာ စစ်ကော်မရှင်ငြိမ်းချမ်းရေးကော်မတီနဲ့ SSPP/SSA ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံခဲ့တယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီတွေ့ဆုံပွဲကို SSPP ဘက်က ဒုဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး ခွန်ဆိုင် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့
မြန်မာသတင်း

ဝက်လက်နယ်ထဲ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် အရပ်သား (၄)ဦး သေဆုံး

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 23 Views
ဇွန်လ (၁၇)ရက်။ ဒီကနေ့ နေ့လယ် (၁၂)နာရီကျော်အချိန်က ဝက်လက်နယ်ဝက်လက်နယ်အရှေ့တောင်ခြမ်းကို စစ်တပ်က လေကြောင်းကနေ တိုက်ခိုက်ခဲ့တယ်လို့ မြို့နယ်ပကဖရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ နေ့လယ် (၁၂)နာရီ (၄၂)မိနစ်နဲ့ (၄၅)မိနစ်က ညောင်ပင်ကြီးတောရွာတောင်ပိုင်းကို တံတားဦးတက်ကနေ ဂျက်ဖိုက်တာနဲ့
မြန်မာသတင်း

ဆိပ်ဖြူမြို့အဝင်မှာ စစ်တပ်ယာဉ်တန်း တိုက်ခိုက်ခံရပြီး ဗိုလ်ကြီးအပါအဝင် (၁၀)ဦးသေဆုံးကာ ကား(၂)စီး ပျက်စီးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 22 Views
ဇွန်လ (၁၇)ရက်။ မနေ့က ညနေပိုင်းအချိန်က ဆိပ်ဖြူမြို့အဝင်မှာ စစ်တပ်ယာဉ်တန်းကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ မြို့နယ်ပကဖရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဆိပ်ဖြူမြို့ပေါ်ကနေ ထွက်လာတဲ့ စကစတပ်ဖွဲ့ဝင်တွေပါတဲ့ (၆)ဘီးကားတစီးနဲ့ အိမ်စီးကားတစီးကို ကြားဖြတ်တိုက်ခိုက်ခဲ့တာ။ စစ်တပ်ဘက်က မျက်မြင်
မြန်မာသတင်း

ရန်ကုန်-ပြည်လမ်းမပေါ်မှာ စစ်ကော်မရှင်ကားတွေ ပစ်ခတ်ခံရပြီး ဗိုလ်ကြီးနဲ့ ဗိုလ်အဆင့်ပါ (၄)ဦးသေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 22 Views
ဇွန်လ (၁၆)ရက်။ မနေ့က နံနက် (၈)နာရီအချိန်က ရန်ကုန်-ပြည်လမ်းမပေါ်ရှိ ကိုးပင်-ဆတ်သွားလမ်းပိုင်းတနေရာမှာ စစ်ကော်မရှင်ကားတစီးကို ပစ်ခတ်ခဲ့တယ်လို Nay Pyi Taw PDF ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ “ တောင်တွင်းကြီး ဆတ်သွားရွာဘက်ကနေ ထွက်လာတဲ့