ဆီမီးသပိတ်ကို လေကြောင်းတိုက်ခိုက်တဲ့ တရားခံနဲ့ ပူးပေါင်းပါဝင်သူတွေကို လက်တုံ့ပြန်မယ်လို့ မုံရွာပလဖထုတ်ပြန်
အောက်တိုဘာလ (၉)ရက်။ ချောင်းဦးမြို့ ဘုံတိုရွာက ဆီမီးသပိတ်ကို လေကြောင်းတိုက်ခိုက်တာမှာ ကျူးလွန်ခဲ့သူနဲ့ ပူးပေါင်းပါဝင်သူတွေကို အပြစ်ပေးသွားမယ်လို့ မုံရွာမြို့နယ်ပလဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဘုံတိုရွာအနီး ပြည်သူတွေ စုပေါင်းကာ ဆီမီးထွန်းပွဲတော်ပြုလုပ်ချိန် မုံရွာအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကနေ စက်တပ်လေထီးနဲ့...









