မြစ်ဆုံဆည်ကို ကျောက်ဖြည့်တမံအမျိုးအစားနဲ့ ပြုလုပ်မယ်ဆိုပြီး ဒုစစ်ခေါင်းဆောင်ပြော
ဒီဇင်ဘာလ (၁၇)ရက်။ မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းကို ကွန်ကရစ်မျက်နှာ ကျောက်ဖြည့်တမံအမျိုးအစားနဲ့ ပြုလုပ်မှာဆိုပြီး ဒုစစ်ခေါင်းဆောင် စိုးဝင်းက မနေ့က မြစ်ကြီးနားကိုရောက်ရှိချိန် ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီစီမံကိန်းအတွက် မြစ်ဆုံအမှတ်လက္ခဏာ မပျောက်ပျက်စေဖို့ တမံအမြင့်နဲ့ ထုတ်လုပ်မှုပမာဏ မဂ္ဂါဝပ်နဲ့ပတ်သက်ပြီး အဆိုပြုနည်းလမ်း (၆)မျိုးနဲ့...








