နှစ်သောင်းတန်ငွေစက္ကူကိုဝေဖန်တာ နိုင်ငံရေးအရ တိုက်ခိုက်တာလို့ စစ်ကောင်စီဥက္ကဌတုံ့ပြန်
နှစ်သောင်းတန် ငွေစက္ကူထုတ်တဲ့အပေါ် ဝေဖန်တာက စီးပွားရေး ကမောက်ကမဖြစ်အောင် နိုင်ငံရေးအရ တိုက်ခိုက်တာလို့ စစ်ကောင်စီဥက္ကဌ မင်းအောင်လှိုင်က တုံ့ပြန်ပြောဆိုလိုက်ပါတယ်။ ယခုလကုန်မှာ ထုတ်ဝေဖို့စီစဉ်နေတဲ့ နှစ်သောင်းတန် ငွေစက္ကူအပေါ် ဝေဖန်တာတွေကို စစ်ကောင်စီဥက္ကဌက ဇူလိုင်လ ၂၆ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ စီးပွားရေးရာကော်မတီအစည်းအဝေးအတွင်း...