မူဆယ်မြို့နယ် စယ်လန့်ရွာတိုက်ပွဲကြောင့် ဒေသခံ နှစ်ထောင်ကျော် စစ်ရှောင်နေရ
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ် စယ်လန့်ကျေးရွာမှာ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ရာ ဒေသခံနှစ်ထောင်ကျော်နီးစပ်ရာ တိမ်းရှောင်နေရတယ်လို့ တအာင်းအမျိုးသမီးအဖွဲ့အစည်းက စက်တင်ဘာလ (၄) ရက် ဒီကနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။ စယ်လန့်ကျေးရွာမှာ စစ်ကောင်စီနှင့် တအာင်းတပ်မတော် (TNLA) တို့ တိုက်ပွဲဖြစ်ပြီးနောက် မိုင်းဆတ်၊ မန်ကန်၊...









