နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 22 ရက်

Myanmar Politics

Myanmar Politics မြန်မာသတင်း

ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနဲ့ဗိုလ်မှူးချုပ် ရန်နောင်စိုးတို့ကို စစ်တရားရုံးက ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်

ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနဲ့ ဗိုလ်မှူးချုပ် ရန်နောင်စိုးတို့ကို စစ်တရားရုံးက ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်ကြောင်း အောက်တိုဘာလ (၁၀) ရက်နေ့ညပိုင်းမှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက သတင်းထုတ်ပြန်လိုက်ပါတယ်။


ထုတ်ပြန်ချက်အရ ဒုတိယဗိုလ်ချုပ်ကြီး(ဟောင်း) မိုးမြင့်ထွန်းဟာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌ၊ နိုင်ငံခြားသုံးငွေကြီးကြပ်ရေးကောင်မတီဥက္ကဋ္ဌ၊ ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်ရေးဗဟိုကော်မတီဥက္ကဋ္ဌ တာဝန်များကို ထမ်းဆောင်နေစဉ် နိုင်ငံတော်ရဲ့ နိုင်ငံခြားသုံးငွေဆိုင်ရာ မူဝါဒ၊ အရေးကြီးကုန်စည်ဆိုင်ရာ မူဝါဒနဲ့ အခြားစီးပွားရေးဆိုင်ရာ မူဝါဒများနဲ့ ဆန့်ကျင်ပြီး ပုဂ္ဂိုလ်ရေးအကျိုးအမြတ် ရယူဆောင်ရွက်ခဲ့တဲ့အပြင် နိုင်ငံတော်က ချမှတ်ထားတဲ့ ရှေ့လုပ်ငန်းစဉ်တွေနဲ့ ဦးတည်ချက်တွေကို သွေဖည်ဆောင်ရွက်၍ နိုင်ငံတော်သစ္စာဖောက်ဖျက်မှုကို ကျူးလွန်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။


ဒါ့အပြင် စားအုန်းဆီများကို တင်သွင်းရန် သတ်မှတ်ရာခိုင်နှုန်းအတွက် ကျသင့်ဒေါ်လာများအား မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ရည်ညွန်းစျေးနှုန်းနဲ့ ရောင်းချပေးကာ တင်သွင်းစေခဲ့ပေမဲ့ အစိုးရက ခွင့်ပြုရောင်းချရန် သတ်မှတ်ထားတဲ့ ရည်ညွန်းစျေးနှုန်းထက် စျေးတင် ရောင်းချတာတွေကို သိလျက်နဲ့ အရေးယူဆောင်ရွက်ရန် ပျက်ကွက်ခြင်း၊ ပတ်သက်ဆောင်ရွက်ခြင်း၊ ကုမ္ပဏီတွေဆီက တံစိုးလက်ဆောင်ပစ္စည်းတွေကို ရာထူးလုပ်ပိုင်ခွင့် အသုံးပြုပြီး ရယူဆောင်ရွက်ခဲ့ခြင်း၊ နိုင်ငံခြားသုံးငွေများကို တရားမဝင် လက်ဝယ်ထားရှိခြင်း၊ စစ်စည်းကမ်းဆိုင်ရာ ညွှန်ကြားချက်များကို ဖောက်ဖျက်၍ အရပ်ဘက်စီးပွားရေးလုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်ခဲ့ခြင်းတို့ကို ကျူးလွန်ခဲ့တဲ့အတွက် သက်ဆိုင်ရာဥပဒေပုဒ်မတွေနဲ့ စွဲချက်တင်ကာ စစ်တရားရုံးနဲ့ စစ်ဆေးစီရင်ပြီး နှစ်ဆယ်နှစ်ကာလနဲ့ညီမျှတဲ့ တစ်သက်တစ်ကျွန်းဒဏ် ချမှတ်လိုက်တယ်လို့ သိရှိရပါတယ်။

ဗိုလ်မှူးချုပ်(ဟောင်း) ရန်နောင်စိုးကိုတော့ ကုန်သွယ်မှုနဲ့ ကုန်စည်စီးဆင်းမှုတွေ မှန်ကန်မြန်ဆန်ရေး ဗဟိုကော်မတီ တွဲဖက်အတွင်းရေးမှူး တာဝန်ထမ်းဆောင်နေစဉ်မှာ နိုင်ငံတော်ရဲ့ စီးပွားရေးဆိုင်ရာ မူဝါဒများနဲ့ ဆန့်ကျင်ပြီး ပုဂ္ဂိုလ်ရေး အကျိုးအမြတ် ရယူဆောင်ရွက်ခြင်း၊ နိုင်ငံခြားသုံးငွေဆိုင်ရာမူဝါဒ၊ အရေးကြီးကုန်စည်ဆိုင်ရာ မူဝါဒနဲ့ အခြားစီးပွားရေးဆိုင်ရာ မူဝါဒတွေနဲ့ ဆန့်ကျင်တဲ့ နိုင်ငံတော်ရှေ့လုပ်ငန်းစဉ်များနဲ့ ဦးတည်ချက်တွေကို သွေဖည်ဆောင်ရွက်၍ နိုင်ငံတော်သစ္စာဖောက်ဖျက်မှုကို ဒုတိယဗိုလ်ချုပ်ကြီး(ဟောင်း) မိုးမြင့်ထွန်းနဲ့အတူ ပူးပေါင်းကျူးလွန်ခဲ့ခြင်း၊ ရာထူးလုပ်ပိုင်းခွင့် အသုံးပြုပြီး စီးပွားရေးလုပ်ငန်းရှင်တွေကို နိုင်ငံခြားငွေနဲ့ မြန်မာကျပ်ငွေကို လဲလှယ်ပေးခဲ့ခြင်း၊ စီးပွားရေးလုပ်ငန်းရှင်များထံမှ နိုင်ငံခြားငွေနဲ့ မြန်မာကျပ်ငွေကို လက်ခံရယူခဲ့ခြင်း၊ စီးပွားရေးလုပ်ငန်းရှင်တွေကို ဒုတိယဗိုလ်ချုပ်ကြီး(ဟောင်း) မိုးမြင့်ထွန်းနဲ့ ဆက်သွယ်ဆောင်ရွက်ပေးခြင်း၊ နိုင်ငံခြားငွေများကို တရားမဝင် လက်ဝယ်ထားရှိခြင်း၊ စစ်စည်းကမ်းဆိုင်ရာ ညွှန်ကြားချက်များကို ဖောက်ဖျက်ပြီး အရပ်ဘက်စီးပွားရေးလုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်ခဲ့တာတွေ ကျူးလွန်ခဲ့တဲ့အတွက် သက်ဆိုင်ရာဥပဒေပုဒ်မများနဲ့ စွဲချက်တင်ကာ စစ်တရားရုံးနဲ့ စစ်ဆေးစီရင်ပြီး နှစ်ဆယ်နှစ်ကာလနဲ့ ညီမျှတဲ့ တစ်သက်တစ်ကျွန်းဒဏ် ချမှတ်ခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်ခဲ့ပါတယ်။

ဗိုလ်ချုပ်တွေ၊ ဗိုလ်ချုပ်သားသမီးတွေကိုယ်တိုင် ဝင်ငွေကောင်းတဲ့ စီးပွားရေးတွေကို အကုန်လက်ဝါးကြီးအုပ်ပြီး လုပ်နေတာတွေ၊ သဘာဝသံယံဇာတတွေ ထုတ်လုပ်နေတဲ့ကုမ္ပဏီတွေမှာ ဗိုလ်ချုပ်တွေ၊ ဗိုလ်ချုပ်သားသမီးတွေ ပါဝင်နေပြီး အုံလိုက်ကျင်းလိုက် ချစားနေတဲ့ အစုအဖွဲ့ကြီး ဖြစ်ပြီး တဖက်က စစ်ဘက်ဆိုင်ရာ ရာထူးတွေယူထားပြီး တဖက်ကလည်း စီးပွားရေးတွေ လုပ်နေကြတာ လာဘ်ပေးလာဘ်ယူ လုပ်နေကြတာ ဘယ်သူမှ မလွတ်ကြပါဘူး။ အရေးယူမယ်ဆိုရင် အကုန်အရေးယူရမှာ ဖြစ်တယ်။

စစ်အုပ်စုခေါင်းဆောင်ကိုယ်တိုင် မလွတ်ပါဘူး။ အရင် ဦးနေဝင်းလက်ထက်ကလည်း မဆလပါတီ မဲပေးရွေးချယ်မှုမှာ ဦးထွန်းလင်းနဲ့ ဦးတင်ဝင်းညိုတို့ ၂ ဦးကို ပါတီ ဥက္ကဋ္ဌနဲ့ အတွင်းရေးမှူးအဖြစ် မဲပေးရွေးချယ်လိုက်ကြတယ်။ အဲ့ဒီမှာ ဦးနေဝင်းက ဒေါသတကြီးနဲ့ သူ့ကို ဥက္ကဋ္ဌ အဖြစ်နဲ့ မဲပြန်ရွေးခိုင်းတယ်။ သူ့ကို မဲနဲ့ဖြုတ်ချပြီး အာဏာရယူဖို့ ကြိုးစားတဲ့အတွက် ဦးထွန်းလင်းနဲ့ ဦးတင်ဝင်းညိုတို့ကို လာဘ်စားမှုနဲ့ ထောင်ချခဲ့ဖူးတဲ့ သာဓကရှိတယ်။ ကိုယ့်ရဲ့အာဏာထိုင်ခုံကို လုယူဖို့ကြိုးစားရင် ဖြုတ်ပစ်တဲ့ အစဉ်အလာရှိတယ်။ အခုကိစ္စမှာလည်း လာဘ်စားတာသက်သက် မဟုတ်ဘဲ စစ်အုပ်စုခေါင်းဆောင်ရဲ့ ထိုင်ခုံကို လုယူဖို့လည်း ပါနိုင်တယ်လို့ ဝါရင့်နိုင်ငံရေးသမားတဦးက ခေတ်မျက်လုံးကို ပြောပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 135 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 118 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 107 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 101 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 81 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 99 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 87 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 77 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို