ကွတ်ခိုင်မှာ စစ်တပ်ကဖွင့်တဲ့ စာသင်ကျောင်းတွေ မတက်ကြဖို့ တအာင်းတပ် (TNLA)ပြော
ကွတ်ခိုင်မြို့နယ်အတွင်း စစ်တပ်က ဖွင့်လှစ်ထားတဲ့ စာသင်ကျောင်းတွေမှာ ကျောင်းတက်ခြင်းမပြုကြဖို့ တအာင်းတပ်(TNLA)က ဒေသခံများက ပြောဆိုမှုများပြုလုပ်ခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။ ဇွန်လ ၁၂ရက်နေ့က ကွတ်ခိုင်မြို့နယ်၊ မိုင်းယုအုပ်စုအတွင်းရှိ ဒေသခံများကို PSLF/TNLA အမှတ်(၃)တိုက်နယ်အုပ်ချုပ်ရေးဌာန တာဝန်ရှိသူများက သွားရောက်တွေ့ဆုံခဲ့တာကို သတင်းထုတ်ပြန်ရေးအဖွဲ့က...








