နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ ဇူလိုင်လ 27 ရက်

မြန်မာသတင်း

မြန်မာသတင်း

ရှမ်းပြည်နယ်တောင်ပိုင်း၊ ခေါင်းအိတိုက်ပွဲအတွင်း မိုးဗြဲ PDF တပ်ရင်း (၂) မှ တပ်ဖွဲ့ဝင်နှစ်ဦး ကျဆုံး

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ် ခေါင်းအိကျေးရွာအနီးတစ်ဝိုက်မှာ ဇွန်လ (၁၀) ရက်နေ့က မိုးဗြဲ PDF တပ်ရင်း (၂) ပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း မိုးဗြဲ PDF တပ်ရင်း (၂) မှ တပ်ဖွဲ့ဝင်နှစ်ဦး စစ်ကောင်စီဘက်မှပစ်ခတ်လိုက်တဲ့ လက်နက်ကြီးထိမှန်ကာ ကျဆုံးခဲ့ရကြောင်း သိရှိရပါတယ်။


ကျဆုံးခဲ့ရတဲ့တပ်ဖွဲ့ဝင်နှစ်ဦးမှာ စနိုက်ဘာရဲဘော် နာတားလယ်နဲ့ ရဲဘော် မောင်ဂျော်နိုင်တို့ဖြစ်ပြီး တပ်ဖွဲ့ဝင်နှစ်ဦးရဲ့ ဈာပနအခမ်းအနားကို ပြုလုပ်ခဲ့တယ်လို့ မိုးဗြဲ PDF တပ်ရင်း (၂) က ဇွန်လ (၁၁) ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။

တော်လှန်ရေးကာလ ၂ နှစ်ကျော်အတွင်း စစ်ကောင်စီနဲ့ တိုက်ပွဲများအတွင်း မိုးဗြဲ PDF တပ်ရင်း (၂) မှ တပ်ဖွဲ့ဝင် ၈ ဦးကျဆုံးခဲ့ရပြီး ခြေထောက်ဆုံးရှုံးတဲ့ ရဲဘော် (၄) ဦးနဲ့ ဒဏ်ရာရ ရဲဘော် (၁၇) ဦး ရှိတယ်လို့ မိုးဗြဲ PDF တပ်ရင်း (၂) တပ်ဖွဲ့တိုးချဲ့တည်ထောင်ခြင်း ၁ နှစ်ပြည့်မှာ သတင်းထုတ်ပြန်ထားပါတယ်။

မိုးဗြဲ PDF တပ်ရင်း (၂)ဟာ ပင်လောင်း၊ ဖယ်ခုံနယ်စပ်မှာ အခြားတော်လှန်ရေးအင်အားစုတွေနဲ့အတူ စစ်ကောင်စီကို တွန်းလှန်တိုက်ခိုက်သွားမယ်လို့ အသိပေးထားပါတယ်။

ဓါတ်ပုံ – မိုးဗြဲ PDF တပ်ရင်း (၂)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ချောက်မြို့မှာ စစ်ကောင်စီထောက်တိုင် အုပ်ချုပ်ရေးမှူးလင်မယား ပစ်ခတ်ရှင်းလင်းခံရ

  • 2024 ခုနှစ်၊ ဇူလိုင်လ 26 ရက်
  • 4 Views
ဇူလိုင်လ (၂၆)ရက်။ ဒီကနေ့ ညနေ (၄)နာရီ (၄၅)မိနစ်အချိန်က ချောက်မြို့နယ်၊ ကိုးဆူကျေးရွာရှိ စစ်ကောင်စီထောက်တိုင် အုပ်ချုပ်ရေးမှူးလင်မယားကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ အာဠာ၀က
မြန်မာသတင်း

ပြည်သူတွေ လက်နက်ကြီးနဲ့ လေကြောင်းအန္တရာယ်ကင်းစေဖို့ MDY-PDF က ရှင်းလင်းပြောဆိုတာတွေပြုလုပ်

  • 2024 ခုနှစ်၊ ဇူလိုင်လ 26 ရက်
  • 10 Views
ဇူလိုင်လ (၂၆)ရက်။ ပြည်သူတွေကို လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်တဲ့ အန္တရာယ်ကင်းရှင်းဖို့ MDY-PDF ရဲ့ ပြည်သူ့ဆက်ဆံရေးနဲ့ စည်းရုံးရေးဌာနက ရှင်းလင်းပညာပေးတာတွေ ပြုလုပ်ခဲ့တယ်လို့
1027 Operations မြန်မာသတင်း

လားရှိုးတိုက်ပွဲထဲ စစ်ကောင်စီရဲ့ ပစ်ခတ်တာတွေကြောင့် အရပ်သား (၃၈)ဦးသေဆုံးပြီး (၄၈)ဦး ဒဏ်ရာရရှိခဲ့

  • 2024 ခုနှစ်၊ ဇူလိုင်လ 26 ရက်
  • 6 Views
ဇူလိုင်လ (၂၆)ရက်။ တိုက်ပွဲတစ်လတာကာလထဲ လားရှိုးမြို့မှာ စစ်ကောင်စီရဲ့ ပစ်ခတ်တိုက်ခိုက်တာတွေကြောင့် အရပ်သား (၃၈)ဦးသေဆုံးပြီး (၄၈)ဦး ဒဏ်ရာရရှိခဲ့တယ်လို့ TNLA ရဲ့ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကောင်စီက အရပ်သားတွေရှိရာဦးတည်ပြီး လေကြောင်းနဲ့ လက်နက်ကြီးတိုက်ခိုက်တာတို့ကြောင့် အရပ်သားနေအိမ် (၉)လုံးထက်မနည်း
မြန်မာသတင်း

ဒုတိယအကြိမ် တက္ကသိုလ်၀င်ခွင့် လျှောက်ထားတဲ့ကာလ NUG ရက်ထပ်မံတိုးမြှင့်

  • 2024 ခုနှစ်၊ ဇူလိုင်လ 26 ရက်
  • 4 Views
ဇူလိုင်လ (၂၆)ရက်။ ကြားကာလတက္ကသိုလ်တွေရဲ့ ဒုတိယအကြိမ် တက္ကသိုလ်၀င်ခွင့် လျှောက်ထားတဲ့ကာလကို NUG ပညာရေး၀န်ကြီးဌာနက ရက်ထပ်မံတိုးမြှင့်လိုက်တယ်လို့ ဒီကနေ့မှာ အသိပေးထားချက်အရ သိရပါတယ်။ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကြားကာလတက္ကသိုလ်တွေရဲ့ ဒုတိယအကြိမ် တက္ကသိုလ်၀င်ခွင့် လျှောက်ထားတဲ့ကာလကို အရင်က ဇွန်လ
မြန်မာသတင်း

စစ်ကောင်စီက ၀န်ထမ်းတွေနဲ့ အငြိမ်းစား၀န်ထမ်းတွေကို အပိုထောက်ပံ့ကြေးအနေနဲ့ (၃၀၀၀၀)ကျပ်တိုးမြှင့်ပေး

  • 2024 ခုနှစ်၊ ဇူလိုင်လ 26 ရက်
  • 5 Views
ဇူလိုင်လ (၂၆)ရက်။ ၀န်ထမ်းတွေနဲ့ အငြိမ်းစား၀န်ထမ်းတွေကို ထောက်ပံ့ကြေးအနေနဲ့ (၃၀၀၀၀)ကျပ် တိုးမြှင့်ပေးမယ်လို့ စစ်ကောင်စီလက်အောက်ခံ စီမံ/ဘဏ္ဍာရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကောင်စီဟာ ၀န်ထမ်းတွေ စား၀တ်နေရေးနဲ့ သက်သာချောင်ချိဖို့ကို အထောက်အကူဖြစ်စေဖို့အတွက် လစာနှုန်းထားတိုးမြှင့်တာနဲ့ အပိုထောက်ပံ့ကြေးတွေကို ပေးနေတာလို့
1111 စစ်ဆင်ရေး (ကယား) မြန်မာသတင်း

မိုးဗြဲရေကာတာရေတံခါးကို စစ်ကောင်စီက အဆင်အခြင်မဲ့စွာ ဖွင့်ချတာကြောင့် ဘီလူးချောင်းရေ (၈)ပေအထိမြင့်တက်၊ အနိမ့်ပိုင်းနေသူတွေ ဘေးလွတ်ရာရွှေ့ပြောင်းဖို့ သတိပေးထား

  • 2024 ခုနှစ်၊ ဇူလိုင်လ 26 ရက်
  • 9 Views
ဇူလိုင်လ (၂၆)ရက်။ မနေ့က နံနက်အစောပိုင်းမှာ မိုးဗြဲမြို့အခြေစိုက် စစ်ကောင်စီရဲ့ ခမရ(၄၂၂)တပ်က မိုးဗြဲရေကာတာရေတံခါးကို အဆင်အခြင်မဲ့စွာ ဖွင့်ချတာကြောင့် ဘီလူးချောင်းရေ (၈)ပေအထိ မြင့်တက်ခဲ့တယ်လို့ ကရင်နီ-IEC ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဗိုးဗြဲရေကာတာရေတံခါးကို စစ်ကောင်စီက
မြန်မာသတင်း

နေပြည်တော်မှာ ဘင်းမ်စတက်လုံခြုံရေးအကြီးအကဲတွေအပါအ၀င် အတွင်းရေးမှူးချုပ်နဲ့ စစ်ခေါင်းဆောင်တို့ တွေ့ဆုံခဲ့

  • 2024 ခုနှစ်၊ ဇူလိုင်လ 26 ရက်
  • 7 Views
ဇူလိုင်လ (၂၆)ရက်။ မနေ့က နေပြည်တော်မှာ ဘင်းမ်စတက် အမျိုးသားလုံခြုံရေးဆိုင်ရာ အကြီးအကဲတွေအပါအ၀င် အတွင်းရေးမှူးချုပ်နဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်တို့ တွေ့ဆုံခဲ့တယ်လို့ ဒီကနေ့ စစ်အာဘော်သတင်းစာမှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တွေ့ဆုံပွဲထဲ ဘင်းမ်စတက်အဖွဲ့၀င်နိုင်ငံတွေအကြား စီးပွားရေးနဲ့ တည်ငြိမ်အေးချမ်းဖို့အပါအ၀င် လူမှုရေးဆိုင်ရာလိုအပ်ချက်တွေနဲ့
မြန်မာသတင်း

NUG ၀န်ကြီး ဦးရည်မွန်ရဲ့ ဆွေမျိုးတွေကို ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်ဆိုတဲ့ ဓါတ်ပုံတွေနဲ့ စစ်လော်ဘီတွေ မဟုတ်မမှန် ဝါဒဖြန့်နေ

  • 2024 ခုနှစ်၊ ဇူလိုင်လ 26 ရက်
  • 13 Views
ဇူလိုင်လ (၂၆)ရက်။ NUG ကာကွယ်ရေး၀န်ကြီး ဦးရည်မွန်ရဲ့ ဆွေမျိုး (၇)ဦးကို သတ်ဖြတ်တယ်ဆိုပြီး စစ်လော်ဘီတွေရဲ့ တယ်လီဂရမ်ချန်နယ်တွေကနေ မနေ့ညပိုင်းအချိန်ကစပြီး ဝါဒဖြန့်တာတွေ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။ စစ်လော်ဘီတွေအသုံးပြုတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာ အမျိုးသား (၇)ဦးကို ဖမ်းဆီးရိုက်နှက်နှိပ်စက်ကာ သတ်ဖြတ်ထားတဲ့