ရန်ကုန် မြောက်ဥက္ကလာပရှိ စစ်တပ်လက်အောက်ခံ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး မိုင်းခွဲခံရ
အောက်တိုဘာလ (၁)ရက်။ မနေ့က ည (၁၀)နာရီ (၅၀)မိနစ်အချိန် မြောက်ဥက္ကလာပမြို့ရှိ စစ်တပ်လက်အောက်ခံ (၂၂)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ Yangon Army ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ အဲ့ဒီအုပ်ချုပ်ရေးမှူးရုံးက အုပ်ကြီးနဲ့ လူမိုက်တွေက တရားမဝင်ရွေးကောက်ပွဲကို...









