နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 23 ရက်

မြန်မာသတင်း

မြန်မာသတင်း

အင်တာနက်ချို့ယွင်းတာကြောင့်ဆိုပြီး ကိုယ်စားလှယ်လောင်း (၆၀)ဦးစာရင်း ရွေး/ကော် ထပ်ထုတ်ပြန်

စက်တင်ဘာလ (၃၀)ရက်။

အင်တာနက်လိုင်း ချို့ယွင်းတာတွေကြောင့်ဆိုပြီး ကျန်ခဲ့တဲ့ ကိုယ်စားလှယ်လောင်း (၆၀)ဦးစာရင်းကို စစ်တပ်လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က မနေ့က ထပ်မံထုတ်ပြန်ထားတယ်လို သိရပါတယ်။

ရွေး/ကော်ဟာ ကိုယ်စားလှယ်လောင်းတွေရဲ့ အမည်စာရင်းတင်သွင်းတာတွေကို အခုလ (၈)ရက်နေ့မှာ စတင်လက်ခံခဲ့ပြီး နောက်ဆုံးသတ်မှတ်ရက်ဖြစ်တဲ့ (၂၂)ရက်နေ့အထိ ပေးပို့လာခဲ့တဲ့စာရင်းကို ထုတ်ပြန်ခဲ့ပါတယ်။

အဲ့ဒီလိုထုတ်ပြန်ခဲ့တာမှာ အမည်စာရင်းတင်သွင်းခဲ့တဲ့ ကိုယ်စားလှယ်လောင်းဦး‌ရေ (၄၉၆၃)ဦးရှိခဲ့တယ်လို့ သိရပြီး အခုအခါ အင်တာနက်လိုင်း ချို့ယွင်းတာကြောင့်ဆိုကာ (၆၀)ဦးစာရင်းကို ထပ်မံထုတ်ပြန်လာတာပါ။

အဲ့ဒီထပ်မံထုတ်ပြန်တဲ့ (၆၀)ဦးဟာ ကြံ့ခိုင်ရေးပါတီက (၃၀)ဦး၊ တစညပါတီက (၁၀)ဦး၊ PPP ပါတီက (၄)ဦး၊ တောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီက (၆)ဦး၊ ကျားဖြူပါတီက (၂)ဦး၊ ပြည်သူ့ပါတီက (၁)ဦးနဲ့ တိုင်း/ပြည်နယ်တခုထဲ ဝင်ပြိုင်မယ့် (၅၁)ပါတီက (၆)ဦးနဲ့ တသီးပုဂွလပါတီက (၁)ဦးတို့ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

အခုလို ထပ်တိုးစာရင်းတွေကြောင့် ‌ဒီဇင်ဘာလ (၂၈)ရက်မှာပြုလုပ်မယ့် ရွေးကောက်ပွဲမှာ ဝင်ပြိုင်ဖို့ အမည်စာရင်းတင်သွင်းထားတဲ့ ကိုယ်စားလှယ်လောင်းဦးရေ စုစုပေါင်း (၅၀၂၃)ဦးဖြစ်တယ်လို့ ပြောဆိုထားပါတယ်။

တနိုင်ငံလုံးအတိုင်းအတာနဲ့ ဝင်ပြိုင်ဖို့ရှိနေတဲ့ ကြံ့ခိုင်ရေးပါတီနဲ့ တစညပါတီတို့မှာ စစ်တပ်က ဝင်ပြိုင်ဖို့ရှိနေပြီး အသေးစိတ်အမည်စာရင်းကိုတော့ မသိရသေးပါဘူး။

နောက်ပြီး ဒီကနေ့ကစတင်ကာ အောက်တိုဘာလ (၁၃)ရက်နေ့အထိ (၁၄)ရက်ကြာ ပထမအကြိမ်အနေနဲ့ မဲစာရင်းတွေကို ကြေညာထားပြီဖြစ်သလို သက်ဆိုင်ရာကော်မရှင်အဖွဲ့ခွဲရုံးတွေမှာ သွားကြည့်ကြဖို့ ရွေး/ကော်က ထုတ်ပြန်ထားပါတယ်။

ရွေး/ကော်ရဲ့ ထုတ်ပြန်ချက်ထဲ မဲစာရင်းတွေမှာ အမည်စာရင်းမပါဝင်တာ၊ မပါဝင်သင့်သူတွေပါနေတာနဲ့ မဲစာရင်းမှားယွင်းတာတွေရှိရင် ပြင်ဆင်လွှာတင်သွင်းတာတွေ ဆောင်ရွက်ကြဖို့ ညွှန်ကြားထားပါသေးတယ်။

ဒါ့အပြင် ရွေးကောက်ပွဲမတိုင်ခင် လာမယ့် နိုဝင်ဘာလထဲမှာလဲ မဲစာရင်းတွေကို နောက်ဆုံးအကြိမ်အနေနဲ့ ထပ်မံကြေညာသွားမှာဖြစ်တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 140 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 122 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 112 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 106 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 86 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 101 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 89 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 79 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို