ဗန်းမော်မြို့အနီးရှိ တပ်ရင်းဌာနချုပ်တွေ၊ တပ်စခန်းတွေနဲ့ ရွာအချို့ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့တယ်ဆိုပြီး စစ်တပ်ထုတ်ပြန်
စက်တင်ဘာလ (၁၂)ရက်။ ကချင်ပြည်နယ် ဗန်းမော်မြို့အနီးရှိ တပ်ရင်းဌာနချုပ်တွေ၊ တပ်စခန်းတွေနဲ့ ကျေးရွာအချို့ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့တယ်ဆိုပြီး စစ်တပ်က ဒီကနေ့မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ KIA နဲ့ ပူးပေါင်းတပ်တွေဟာ ဗန်းမော်-တာဆိုင်း-မြို့သစ်-လိုင်ဇာလမ်းကြောင်း၊ ဗန်းမော်-မိုးမောက်-တာဆိုင်း-လိုင်ဇာလမ်းကြောင်းနဲ့ ဗန်းမော်-မိုးမောက်-လွယ်ဂျယ်လမ်းကြောင်းကို ထိန်းချုပ်နိုင်ဖို့ ထိုးစစ်ဆင်ခဲ့တာလို့...









