ရေကြည်မြို့မှာ စစ်တပ်ရဲ့ လေကြောင်းဗုံးကြဲတာကြောင့် ကလေးသူငယ်နဲ့ စစ်ဘေးရှောင်တွေအပါအဝင် ပြည်သူ (၂၄)ဦး သေဆုံးခဲ့
အောက်တိုဘာလ (၂၅)ရက်။ မနေ့က ရေကြည်မြို့ စပြင်ရွာကို စစ်တပ်က ဂျက်ဖိုက်တာနဲ့ လေကြောင်းကနေ ပေါင် (၅၀၀)ဗုံးအပါအဝင် ဗုံး(၅)လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ မြေပြင်သတင်းတွေထံက သိရပါတယ်။ “ မနေ့က စပြင်ရွာကို နံနက်(၁၁)နာရီခွဲမှာ ပေါင်(၅၀၀)ဗုံး (၂)လုံးနဲ့...









