စစ်အုပ်စုက နျူကလီးယားလက်နက်ပိုင်တဲ့ နိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့အပေါ် စိုးရိမ်မိတယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းပြော
အောက်တိုဘာလ (၂၂)ရက်။ စစ်အုပ်စုက နျူကလီးယားလက်နက်ပိုင်ဆိုင်တဲ့ နိုင်ငံတနိုင်ငံနဲ့ ပူးပေါင်းကာ “ နျူကလီးယားစွမ်းအင်အစီအစဉ်” ဆိုပြီး လုပ်ဆောင်နေတဲ့အပေါ် စိုးရိမ်မိတယ်လို့ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက မနေ့က ကုလညီလာခံမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းစွာအသုံးပြုဖို့ဆိုတဲ့ အယူအဆက...









