ဘယ်နည်းနဲ့ဖြစ်ဖြစ် စစ်ကောင်စီကို ဖယ်ရှားနိုင်မှ မျှော်မှန်းတဲ့ နိုင်ငံတော်သစ် ပေါ်ထွန်းလာမယ်လို့ NUG ယာယီသမ္မတပြော
ဇူလိုင်လ (၃၁)ရက်။ ဘယ်နည်းနဲ့ဖြစ်ဖြစ် စစ်ကောင်စီကို ဖယ်ရှားနိုင်မှသာ မျှော်မှန်းတဲ့ အနာဂတ် နိုင်ငံတော်သစ် ပေါ်ထွန်းလာမယ်လို့ ဒီကနေ့မှာပြုလုပ်တဲ့ NUG အစိုးရအဖွဲ့အစည်းအဝေးမှာ ယာယီသမ္မတ ဒူဝါလရှီးလက ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ ဘယ်နည်းနဲ့ ဖြစ်ဖြစ် နိုင်ငံရေးနဲ့ဖြစ်ဖြစ်...









