နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 5 ရက်

အရှေ့အလယ်ပိုင်း

အရှေ့အလယ်ပိုင်း

ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့တဲ့ (၂၃) နှစ်အရွယ် လူငယ် (၂) ဦးကို အီရန်အစိုးရ ကြိုးပေးသတ်

အသက် (၂၃) နှစ် အရွယ် မာဂျစ်ဒရီဇာရာနာဗတ်ကို ဒီဇင်ဘာ (၁၂) ရက် တနင်္လာနေ့ နံနက်ပိုင်းတွင် အီရန်၏ ဒုတိယအကြီးဆုံး မာရှတ်(ဒ) မြို့၏ လူမြင်ကွင်းတွင် “ဘုရားသခင်၏အလိုတော်ကို ဆန့်ကျင်မှု” နှင့် ကြိုးပေး ကွပ်မျက်လိုက်သည်ကို အီရန်တရားရေးဌာနမှ ထုတ်ပြန်ခဲ့သည်။

ဘာဆစ် (ဂျ) လုံခြုံရေးတပ်ဖွဲ့ဝင်နှစ်ဦးကို ဓားဖြင့်ထိုးသတ်မှုဖြင့် စွဲချက်တင်ခဲ့ပြီး ယင်းအမှုဖြင့် သေဒဏ်ပေးခဲ့ခြင်းဖြစ်သည်။ အဖမ်းခံရပြီး (၂၃) ရက်အကြာတွင် ကွပ်မျက်ခံခဲ့ရခြင်းဖြစ်သည်။

မာဂျစ်ဒရီဇာရာနာဗတ်ကို သေဒဏ်မပေးခင် မိခင်ဖြစ်သူနှင့် ပေးတွေ့ခဲ့သော်လည်း မိခင်အား ၎င်း၏သားဖြစ်သူကို သေဒဏ်ပေးမည့်အကြောင်း အသိပေးခဲ့ခြင်း မရှိပေ။

အီရန်အစိုးရသည် ဆန္ဒပြပွဲတွင် ပါဝင်ခဲ့သည့် အသက် (၂၃) နှစ်အရွယ် မိုဇန်ရှီကာရီကို ဘာဆစ် (ဂျ) လုံခြုံရေးတပ်ဖွဲ့ဝင် တစ်ဦးကို တိုက်ခိုက်သည့် စွပ်စွဲချက်နှင့် သေဒဏ်ချမှတ်လိုက်ပြီး ဒီဇင်ဘာ (၈) ရက် ကြာသာပတေးနေ့က ပထမဆုံး ကြိုးပေးကွပ်မျက်ခဲ့သည်။

ဟီဂျပ် ခေါင်းစည်းပဝါဝတ်ပုံက ပုံစံမကျသဖြင့် ကျင့်ဝတ်နှင့်မညီဆိုသည့် စွပ်စွဲချက်နှင့်အဖမ်းခံခဲ့ရသည့် အသက် (၂၂) နှစ်အရွယ် မာရှာအာမီနီသည် စက်တင်ဘာ (၁၃) ရက်နေ့တွင် အချုပ်ခန်းထဲ၌ သေဆုံးမှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်း အမျိုးသမီးများ ဦးဆောင်သည့် အီရန်အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲများ နိုင်ငံအနှံ့ ဆက်တိုက်ဖြစ်ပွားခဲ့သည်။

ပြည်နယ် (၃၁) ခုရှိ မြို့ပေါင်း (၁၆၁) မြို့အထိ ဆန္ဒပြပွဲများ ပျံ့နှံ့သွားခဲ့ပြီး ၁၉၇၉ အီရန်တော်လှန်ရေးနောက်ပိုင်း အီရန်အစိုးရအတွက် အဆိုးရွားဆုံး ဆန္ဒပြပွဲများ ပေါ်ထွက်လာခဲ့သည်။

ဆန္ဒပြသူများကို ထောင်နဲ့ချီ၍ ဖမ်းဆီးထားပြီး ယင်းအထဲတွင် အီရန်ရက်ပ်ပါ တိုမာဆာဟေလီလည်း ပါဝင်ပြီး ယခုအခါ သေဒဏ် ထိုက်သင့်သည့် ရာဇ၀တ်မှုဆိုင်ရာ စွဲချက်များနှင့် ရင်ဆိုင်နေရကြောင်း အီရန် နိုင်ငံပိုင် မီဒီယာက ဖော်ပြခဲ့သည်။
အီရန်နိုင်ငံ၌ စက်တင်ဘာလကတည်းက စတင်ခဲ့သည့် ဆန္ဒပြပွဲများတွင် သတင်းထောက်များ၊ တက်ကြွလှုပ်ရှားသူများ၊ အနုပညာရှင်များ၊ ရှေ့နေများ အပါအဝင် လူပေါင်း ၁၈၂၅၉ ဦးကို ဖမ်းဆီးထားကြောင်း ကုလသမဂ္ဂ အကြီးတန်းအရာရှိတစ်ဦးက ပြောသည်။

ယခုအချိန်အထိ ဆန္ဒပြသူ ၄၈၈ ဦးခန့်ကို လုံခြုံရေးတပ်ဖွဲ့ဝင်များက သတ်ဖြတ်ခဲ့ပြီး ၁၈၂၅၉ ဦးကို ဖမ်းဆီးထိန်းသိမ်း ထားကြောင်း လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများသတင်းအေဂျင်စီ (HRANA) ၏ ထုတ်ပြန်ချက်အရ သိရှိရသည်။
အီရန်နိုင်ငံတွင် ဆန္ဒပြသူများကို ဆက်လက်သေဒဏ်များ ပေးနိုင်ဖွယ်ရှိနေသည်။
Source: AP, CNN

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်၏ တိုက်ခိုက်မှုများကို တုံ့ပြန်သည့်အနေဖြင့် အမေရိကန် ပဉ္စမမြောက် ရေတပ်စုဌာနချုပ်နှင့် လေတပ်စခန်းတို့ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း အီရန်ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 15 Views
CNN-၂၀၂၆ခုနှစ်၊ ဂျွန်လ ၃ရက် ဟယ်လင် ရီဂန် (Helen Regan) ရေးသားသည်။ အီရန်နှင့်ဆက်နွှယ်နေသော ရေနံတင်သင်္ဘောတစ်စင်းကို အမေရိကန်က တိုက်ခိုက်ခဲ့မှုနှင့်
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အပစ်အခတ်ရပ်စဲရေး မသေချာမရာဖြစ်နေစဉ် အမေရိကန်နှင့် အီရန်တို့ ရက်သတ္တပတ်များအတွင်း အပြင်းထန်ဆုံး အပြန်အလှန်တိုက်ခိုက်မှုများ ပြုလုပ်နေ

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 16 Views
CNN- ဂျက်ဆီ ယန်း (Jessie Yeung) ရေးသားသည်။ ပြီးခဲ့သည့် ဧပြီလတွင် အပစ်အခတ်ရပ်စဲရေး စတင်ခဲ့ပြီးနောက်ပိုင်း အပြင်းထန်ဆုံးသော ညသန်းခေါင်ယံ
နိုင်ငံတကာသတင်း လက်ဘနွမ် အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လက်ဘနွန်အရေးကြောင့် ဆွေးနွေးပွဲများမှ နုတ်ထွက်မည်ဟု ခြိမ်းခြောက်ပြီးနောက် သံတမန်ရေးရာလမ်းကြောင်း ပြန်လည်စတင်ပြီဖြစ်ကြောင်း အီရန် အရိပ်အမြွက်ပြသ

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 24 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ (၂)ရက် အီရန်နှင့် ဝါရှင်တန်တို့ကြား ဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်နေကြောင်း အီရန်မီဒီယာ များက အရိပ်အမြွက် ဖော်ပြခဲ့ကြသော်လည်း၊ လက်ဘနွန်အပေါ် အစ္စရေး၏ တိုက်ခိုက်မှုများ ဆက်လက်ရှိနေပါက အခြေအနေကို ပိုမိုတင်းမာအောင် ပြုလုပ်သွားမည်ဟု အီရန်၏
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အရှေ့အလယ်ပိုင်း

လက်ဘနွန်နှင့် အစ္စရေးတို့ကြား ဆွေးနွေးပွဲများ ပြန်လည်စတင်ရန် ပြင်ဆင်နေစဉ် ဟစ်ဇဘိုလာနှင့် အစ္စရေးတို့ ဆက်လက်တိုက်ပွဲဖြစ်ပွားနေ

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 22 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ(၂)ရက် လက်ဘနွန်နှင့် အစ္စရေး ကိုယ်စားလှယ်အဖွဲ့များသည် အင်္ဂါနေ့တွင် နောက်ထပ်ဆွေးနွေးပွဲတစ်ခုအတွက် ပြင်ဆင်နေကြသော်လည်း၊ လက်ဘနွန်ရှိ အီရန်ကျောထောက်နောက်ခံပြု ဟစ်ဇဘိုလာလက်နက်ကိုင်အဖွဲ့နှင့် အစ္စရေးစစ်တပ်တို့သည် လက်ဘနွန်တောင်ပိုင်းတွင် ညတွင်းချင်း ဆက်လက်၍ အပြန်အလှန် တိုက်ခိုက်ခဲ့ကြသည်။ ဟစ်ဇဘိုလာ၏ တိုက်ခိုက်မှုများကို
နိုင်ငံတကာသတင်း ဘာသာပြန်သတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်နှင့် သဘောတူညီချက် လက်မှတ်ရေးထိုးပြီးသည်နှင့် ဆိုင်းငံ့ခံထားရသည့် ရန်ပုံငွေထဲမှ ဒေါ်လာ ၁၂ ဘီလီယံကို ချက်ချင်းအသုံးပြုခွင့်ရရန် အီရန် ကြိုးပမ်းနေ

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 21 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ(၂)ရက် အမေရိကန်နှင့် ယာယီသဘောတူညီချက် လက်မှတ်ရေးထိုးပြီးသည်နှင့် ဆိုင်းငံ့ခံထားရသည့် ရန်ပုံငွေထဲမှ ဒေါ်လာ ၁၂ ဘီလီယံကို ချက်ချင်းပြန်လည်ထုတ်ပေးရန် အီရန်က တောင်းဆို နေကြောင်း အစိုးရတစ်ပိုင်းဖြစ်သော ဖားစ် (Fars) သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်ထံ တင်ပြသည့် ကမ်းလှမ်းချက်မှာ “ကျိုးကြောင်းဆီလျော်မှုရှိကြောင်း” ထရမ့်၏ ပယ်ချမှုအပြီးတွင် အီရန် ပြောကြား

  • 2026 ခုနှစ်၊ မေလ 11 ရက်
  • 88 Views
CNN – ၂၀၂၆ ခုနှစ်၊ မေလ ၁၁ ရက် အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အစ္စမေးလ် ဘာဂါယီ (Esmail Baghaei) က စစ်ပွဲအဆုံးသတ်ရန် အမေရိကန်ထံ တင်ပြခဲ့သည့် အီရန်၏ နောက်ဆုံးကမ်းလှမ်းချက်မှာ ကျိုးကြောင်းဆီလျော်ပြီး
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်အစိုးရနှင့် ဆက်လက်ဆွေးနွေးသွားမည်ဟု ထရမ့် အရိပ်အမြွက်ပြောကြား

  • 2026 ခုနှစ်၊ မေလ 11 ရက်
  • 84 Views
CNN- ၂၀၂၆ခုနှစ်၊ မေလ ၁၁ရက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် အီရန်ဘက်မှ နောက်ဆုံးကမ်းလှမ်းချက်ကို ပယ်ချခဲ့သော်လည်း လက်ရှိအီရန်အစိုးရနှင့် သံတမန်နည်းလမ်းအရ ဆက်လက်ဖြေရှင်း သွားမည်ဖြစ်ကြောင်း တနင်္လာနေ့တွင် အရိပ်အမြွက် ပြောကြားခဲ့သည်။ အီရန်အစိုးရအတွင်းရှိ သဘောထားတင်းမာသူများနှင့် ပတ်သက်၍လည်းကောင်း၊ ခေါင်းဆောင်မှုပိုင်း
တရုတ် နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်-အီရန် ဆွေးနွေးပွဲတိုးတက်မှုသည် ထရမ့်၏ တရုတ်ခရီးစဉ် ရလဒ်အပေါ် မူတည်နိုင်ဟု သတင်းရင်းမြစ်ဆို

  • 2026 ခုနှစ်၊ မေလ 11 ရက်
  • 85 Views
CNN- ၂၀၂၆ခုနှစ်၊ မေလ ၁၁ရက် အမေရိကန်ပြည်ထောင်စုနှင့် အီရန်နိုင်ငံတို့အကြား ဆွေးနွေးမှုများသည် ယခုသီတင်းပတ် နှောင်းပိုင်းတွင် သမ္မတ ဒေါ်နယ်ထရမ့်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ မတွေ့ဆုံမီအထိ သိသာထင်ရှားသော တိုးတက်မှုများ ရှိလာမည်မဟုတ်ကြောင်း ညှိနှိုင်းမှုလုပ်ငန်းစဉ်နှင့် နီးစပ်သည့် ဒေသတွင်းသတင်းရင်းမြစ်တစ်ခုအရ