ဒီဇင်ဘာလ ၂၅ ရက် ညနေ ၅ နာရီခန့်က ချောင်းဦးမြို့နယ်ရှိ ပျူစောထီးကြီးစိုးရာ ကံကြီးကုန်းရွာနှင့် အမြင့်ရဲစခန်းအား မုံရွာခရိုင် အမှတ် (၅)တပ်ရင်းနှင့် မဟာမိတ်များက တပြိုင်တည်း တိုက်ခိုက်ခဲ့ကြသည်။
အဆိုပါ တိုက်ပွဲတွင် အမှတ်(၅)တပ်ရင်း၊ တပ်ခွဲ(၃)မှ ရဲဘော်တစ်ဦးနှင့် မဟာမိတ်တပ်ဖွဲ့က ရဲဘော် နှစ်ဦး ကျဆုံးခဲ့ပြီး အခြားရဲဘော် သုံးဦး ဒဏ်ရာရခဲ့ကြောင်း Aung San Forceက အသိပေးသည်။