မေလ (၁၆)ရက်။
မေလ (၁၃)ရက်နေ့က ညောင်ဦး-ငါ့သရောက်လမ်းပိုင်းမှာ အင်အား (၁၂၀)ခန့်ပါတဲ့ စစ်တပ်စစ်ကြောင်းနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Earthquake-PDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ ညောင်ဦးကနေ အင်အား (၁၂၀)လောက်နဲ့ စစ်ကြောင်းထိုးဝင်လာတာ။ အဲ့ဒီစစ်ကြောင်းနဲ့ ညောင်ဦး-ငါ့သရောက်လမ်းပိုင်းမှာ တိုက်ပွဲ (၂)ကြိမ် ဖြစ်ပွားခဲ့တာ” လို ဆိုပါတယ်။
အဲ့ဒီစစ်တပ်စစ်ကြောင်းနဲ့ ညောင်ဦး-ငါ့သရောက်လမ်းပိုင်းတနေရာမှာ တိုက်ပွဲ (၂)ကြိမ် ဖြစ်ပွားခဲ့ပြီး (၃)နာရီခန့် ကြာမြင့်ခဲ့ကာ စစ်ကောင်စီဘက်က (၄)ဦးသေဆုံးပြီး အများအပြား ထိခိုက်ခဲ့တယ်လို ဖော်ပြထားပါတယ်။
အဲ့ဒီတိုက်ပွဲထဲ စစ်တပ်ဆီကနေ ကျည်အနည်းငယ်နဲ့ စစ်အသုံးအဆောင်ပစ္စည်းအချိုကိုလဲ သိမ်းဆည်းရမိခဲ့တယ်လို ထုတ်ပြန်ထားပါတယ်။
တိုက်ပွဲမှာ ပခုက္ကူခရိုင် Local တပ်ရင်း(PDLB)၊ 21 Bagan-PDF၊ Good Brothers၊ ဒေါင်းရင်သွေးပြောက်ကျားတပ်ဖွဲ-DYT၊ Bagan Garuda Force နဲ့ Earthquake People’s Defense Force တို ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို ဆိုပါတယ်။
ဒါ့အပြင် ပြည်သူတွေအနေနဲ့ အခုဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေနဲ့ စစ်ရေးအခြေအနေတွေကို သတိရှိဖို မေတ္တာရပ်ခံထားတယ်လို သိရပါတယ်။








