ကမ္ဘောဒီးယားနိုင်ငံ၌ ဗုဒ္ဓဟူးနေ့က ကာစီနိုဟိုတယ် မီးလောင်မှု ဖြစ်ပွားပြီးနောက် သေဆုံးသူဦးရေမှာ အနည်းဆုံး ၁၉ ဦးအထိ မြင့်တက်လာပြီး ဒါဇင်ပေါင်းများစွာ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ဒေသဆိုင်ရာ အာဏာပိုင်များက ပြောကြားခဲ့သည်။
ထိုင်းနိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေသော Poipet မြို့ရှိ Grand Diamond City ကာစီနိုဟိုတယ် မီးလောင်မှုတွင် လူ ၇၀ ခန့် ဒဏ်ရာရရှိခဲ့ပြီး အဆောက်အအုံအတွင်း ပိတ်မိနေသူများကို ကယ်ဆယ်ရန် ကယ်ဆယ်ရေးသမားများက ရှာဖွေနေချိန်တွင် သေဆုံးသူဦးရေ တိုးလာဖွယ်ရှိသည်။
Source: CNN
Photo: CNN, Peerapan Srisakorn