နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မေလ 13 ရက်

မြန်မာသတင်း

မြန်မာသတင်း

အကြမ်းဖက်စစ်ကောင်စီကို ပြင်ဆင်ဖွဲ့စည်း၊ အာဏာသိမ်းပြီး စစ်ကောင်စီ စတင်ဖွဲ့စည်းချိန်ကတည်းက ပါဝင်ခဲ့သူတွေ ကို စစ်ကောင်စီ အဖွဲ့ကနေ ဖယ်ထုတ်၊ စစ်ကောင်စီအကြံပေး အဖွဲ့ကို စတင်ဖွဲ့စည်း

စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီအဖွဲ့မှာ အဖွဲ့ဝင်အဖြစ် နေရာပေး ခြင်းခံခဲ့ရတဲ့ ပါတီအသီးသီးက အရပ်သား နိုင်ငံ ရေးသမားတွေ ဖြစ်တဲ့ ဦးခင်မောင်ဆွေ ၊ ဦးသိန်းညွှန့်၊ဒေါက်တာဗညားအောင်မိုး၊ စောဒန်နီယယ်နဲ့ဒေါ်အေးနုစိန်တို့ကို စစ်ကောင်စီရဲ့ အဖွဲ့ဝင်အဖြစ်ကနေ ဖယ်ထုတ်လိုက်တယ်လို့ ဖေဖေါ်ဝါရီ(၁)ရက်မှာ စစ်ကောင်စီက အမိန့်စာ ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီ အဖွဲ့ကို စစ်ကောင်စီ အဖွဲ့ကနေ ဖယ်ထုတ်ပြီး အခုမှ ဖွဲ့စည်းလိုက်တဲ့ အကြံပေးအဖွဲ့ထဲ စစ်ကောင်စီက ထည့်လိုက်တာဖြစ်ပါတယ်။ ဒီလိုဖယ်ထုတ်ခံရသူတွေထဲမှာ ဟာ အာဏာသိမ်းပြီး စစ်ကောင်စီ စတင်ဖွဲ့စည်းချိန်ကတည်းက ပါဝင်ခဲ့သူတွေဖြစ်တဲ့ ဦးခင်မောင်ဆွေ နဲ့ ဦးသိန်းညွှန့် တို့လည်းပါဝင်ခဲ့တာပါ။

သူတို့တွေနဲ့ ဗဟိုအကြံပေးအဖွဲ့ဆိုပြီး စစ်ကောင်စီက ဒီနေ့ ဖွဲ့ပေးလိုက်ပါတယ်။ အဲဒီအဖွဲ့ ဥက္ကဋ္ဌ နေရာမှာ စစ်ကောင်စီ ရဲ့တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောထွန်း အောင်မြင့်ကိုနေရာပေးပြီး အဖွဲ့ဝင် ၉ ဦးနဲ့ ဖွဲ့စည်းပေး လိုက်တာ ဖြစ်ပါတယ်။အာဏာသိမ်းစစ်ခေါင်းဆောင်ဟာ စစ်ကောင်စီအဖွဲ့ ကို စစ်ဘက် ၈ ဦး ၊အရပ်ဘက် ၈ ဦး စုစုပေါင်း ၁၆ ဦးနဲ့ဖွဲ့ စည်းခဲ့တာပါ။

စစ်ကောင်စီ အဖွဲ့ဝင် ၁၆ ဦးလုံးကို စစ်တပ်အာဏာသိမ်း ၂ နှစ်ပြည့်တဲ့ ဒီနေ့မှာ သြစတြေးလျအစိုးရက ပစ်မှတ်ထား အရေးယူပိတ်ဆို့လိုက်ပါတယ်။ အဲဒီနောက် ဒီနေ့ ညနေပိုင်းမှာ စစ်ကောင်စီကို (၂၀) ဦးနဲ့ ပြန်လည်ဖွဲ့စည်း လိုက်တယ်လို့ကြေညာခဲ့တာပါ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

တရုတ်ကာကွယ်ရေးဝန်ကြီးဟောင်း နှစ်ဦးကို ဆိုင်းငံ့သေဒဏ် ချမှတ်

  • 2026 ခုနှစ်၊ မေလ 13 ရက်
  • 7 Views
CNN- ၂၀၂၆ ခုနှစ်၊ မေလ ၇ ရက် ဘေဂျင်း — တရုတ်နိုင်ငံသည် စစ်တပ်အတွင်း အကျင့်ပျက်ခြစားမှုများကို ဆက်တိုက်
မြန်မာသတင်း

စစ်တပ်က ဆေးဘက်ဆိုင်ရာကျောင်းတွေမှာပါ စစ်မှုထမ်းသင်တန်းတွေ ဖွင့်လှစ်နေ

  • 2026 ခုနှစ်၊ မေလ 12 ရက်
  • 28 Views
မေလ (၁၂)ရက်။ ရန်ကုန် မှော်ဘီမြို့အခြေစိုက် စစ်တပ်ဆေးဘက်ဆိုင်ရာပညာသင်ကျောင်း(တဆက)မှာပါ စစ်မှုထမ်းသင်တန်း ဖွင့်လှစ်သင်ကြားနေတယ်လို့ MDSI ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တဆကဟာ
မြန်မာသတင်း

အုတ်ဖိုမှာ စစ်တပ်ကင်းပုန်းတပ်ဖွဲ့နဲ့ ပျူစောထီးစခန်း တိုက်ခိုက်ခံရ၊ စစ်တပ်ဘက်က (၆)ဦးသေဆုံးခဲ့

  • 2026 ခုနှစ်၊ မေလ 12 ရက်
  • 29 Views
မေလ (၁၂)ရက်။ အုတ်ဖိုမြို့မှာ စစ်တပ် ကင်းပုန်းဝပ်တပ်ဖွဲ့တွေနဲ့ ပျူစောထီးစခန်းတို့ကို တိုက်ခိုက်ခဲ့တယ်လို့ အမှတ်(၂)စစ်ဆင်ရေးနယ်မြေရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မေလ (၁၀)ရက်နေ့ နံနက်ပိုင်းအချိန်က အုတ်ဖိုမြို့ အေးမြသာယာမြို့သစ် မြို့အဝင်ရှိ ပျူစောထီးစခန်းကို ပဲခူးတိုင်းစစ်ဌာန ဗျူဟာ(၂၂)ရှိ
မြန်မာသတင်း

မကွေးဖက်ဒရယ်ယူနစ်အစိုးရရဲ့ ဦးဆောင်မှုအောက်မှာ တာဝန်ထမ်းဆောင်မယ်လို့ LPDF တွေ ထုတ်ပြန်

  • 2026 ခုနှစ်၊ မေလ 12 ရက်
  • 28 Views
မေလ (၁၂)ရက်။ မေလ (၇)ရက်နေ့က မကွေးဖက်ဒရယ်ယူနစ်အစိုးရနဲ့ ဒေသထဲအခြေစိုက် LPDF အဖွဲ့တွေအကြား တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီတွေ့ဆုံပွဲကို မကွေးယူနစ်အစိုးရရဲ့ ဝန်ကြီးချုပ် ဒေါက်တာ ရဲထွန်းဇော်၊ ဒုဝန်ကြီးချုပ် ကိုချစ်ဝင်းမောင်နဲ့ ကာကွယ်ရေးဝန်ကြီး
မြန်မာသတင်း

လမိုင်းမြို့ရဲစခန်းအနီးတိုက်ပွဲထဲ စစ်ကော်မရှင်ရဲ့ ဒုရင်းမှူးတဦး သေဆုံး

  • 2026 ခုနှစ်၊ မေလ 12 ရက်
  • 31 Views
မေလ (၁၂)ရက်။ မနေ့က ညနေ (၆)နာရီခွဲအချိန်မှာ လမိုင်းမြို့ရဲစခန်းအနီး ‌စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေကို ဝင်ရောက်ပစ်ခတ်ခဲ့တယ်လို့ ရေးဘီလူးတပ်ရင်းရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ညနေ (၆)နာရီခွဲလောက် လမိုင်းမြို့ရဲစခန်းနားမှာ ခလရ(၁၀၆)က အားကိုးရတဲ့ ဒုရင်းမှူး ထွန်းရာကျော်ကို ကျွန်တော်တို့
မြန်မာသတင်း

အာဆီယံနဲ့ နိုင်ငံတကာကို ဝေဖန်တဲ့ စစ်အုပ်စုရဲ့ ထုတ်ပြန်ချက်တွေကို NUG ပြင်းပြင်းထန်ထန် ရှုတ်ချ

  • 2026 ခုနှစ်၊ မေလ 12 ရက်
  • 32 Views
မေလ (၁၁)ရက်။ အာဆီယံနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းကို ဝေဖန်ထားတဲ့ စစ်အုပ်စုရဲ့ ထုတ်ပြန်ချက်တွေကို NUG က ဒီကနေ့မှာ ပြင်းပြင်းထန်ထန် ရှုတ်ချထားတယ်လို့ သိရပါတယ်။ ရွေးကောက်ပွဲရလဒ်ကို လျစ်လျူရှုထားတယ်ဆိုကာ စွပ်စွဲပြီး ဒေသထဲ ထိတွေ့ဆက်ဆံတာတွေကို ဖယ်ကြည်ထားတယ်လို့ အာဆီယံနဲ့
မြန်မာသတင်း

စစ်ရေးအခြေအနေကြောင့် တွန်းဇံ-တီးတိန်လမ်းပိုင်း အရေးပေါ်ပိတ်ပင်

  • 2026 ခုနှစ်၊ မေလ 11 ရက်
  • 31 Views
မေလ (၁၁)ရက်။ ဒီကနေ့ကစပြီး စစ်ရေးအခြေအနေတွေကြောင့် တွန်းဇံ-တီးတိန်လမ်းပိုင်းကို အရေးပေါ်ပိတ်ပင်လိုက်တယ်လို့ CDF-Tonzang ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်တပ်စစ်ကြောင်းဟာ တွန်းဇံမြို့ဘက်ကို ဦးတည်လာတာကြောင့် ပြည်သူတွေ အန္တရာယ်မဖြစ်အောင် ရာ်ရွယ်ပြီး ဖြတ်သန်းသွားလာတာ မလုပ်ဖို့ တားမြစ်တာလို့ ဆိုပါတယ်။
မြန်မာသတင်း

မြင်းခြံခရိုင်ရှိ မြို့နယ် (၄)မြို့မှာ စစ်အုပ်စုကြောင့် အရပ်သား (၇၂)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ မေလ 11 ရက်
  • 31 Views
မေလ (၁၁)ရက်။ ဧပြီလထဲ မြင်းခြံခရိုင်ရှိ မြို့နယ် (၄)မြို့မှာ စစ်အုပ်စုကြောင့် အရပ်သား (၇၂)ဦး သေဆုံးခဲ့တယ်လို့ အရေးပေါ်အခြေအနေ ကာကွယ်ရေးနဲ့ စီမံခန့်ခွဲမှုကော််မတီ(မန္တလေး)က မနေ့က ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ မြင်းခြံခရိုင်ထဲ စစ်အုပ်စုကြောင့် အရပ်သား သေဆုံးတာဟာ